လွိုင်လင်သစ်ထုတ်ရေးဒေသမှ ကျွန်းသစ်လုံးများကို လှိုင်းတက်သစ်ဆိပ်မှ ရန်ကုန်(တောင်ဒဂုံ)သစ်ဆိပ်သို့ ကားဖြင့်သယ်ယူခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သယ်ယူပို့ဆောင်ရေး လုပ်ငန်း |
တင်ဒါကာလ: November 3, 2020 - December 5, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။        မြန်မာ့သစ်လုပ်ငန်း ရှမ်းပြည်နယ်(အရှေ့/တောင်) လွိုင်လင်သစ်ထုတ်ရေးဒေသမှ ကျွန်းသစ်လုံး (၁၈၈၃)တန်ကို လှိုင်းတက်သစ်ဆိပ်မှ ရန်ကုန်(တောင်ဒဂုံ)သစ်ဆိပ်သို့ ကားဖြင့်သယ်ယူခြင်းလုပ်ငန်းအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်အား မြန်မာ(ကျပ်)ငွေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

ခရီးစဉ်  - လှိုင်းတက်သစ်ဆိပ်မှ ရန်ကုန်(တောင်ဒဂုံ) သစ်ဆိပ်သို့ (သစ်ဆိပ်ပြောင်းကားတိုက်လုပ်ငန်း)

သစ်တန်     -   ၁၈၈၃

၂။         အိတ်ဖွင့်တင်ဒါများကို အောက်ပါအတိုင်းတင်သွင်းရမည်ဖြစ်ပါသည်။

တင်ဒါလျှောက်လွှာရောင်းချမည့်ရက်                     -၃-၁၁-၂၀၂၀ရက်မှ ၄-၁၂-၂၀၂၀ရက်အထိ

တင်ဒါပိတ်မည့်ရက်                                             -၅-၁၂-၂၀၂၀ရက် ညနေ ၁၆:၀၀နာရီ

တင်ဒါဖွင့်မည့်ရက်                                              -၇-၁၂-၂၀၂၀ရက် နံနက် ၁၀:၀၀နာရီ

တင်ဒါလျှာက်လွှာရောင်းချမည့်နေရာ                     -မြန်မာ့သစ်လုပ်ငန်း ရှမ်းပြည်နယ်(အရှေ့/တောင်)၊  ဒုတိယအထွေထွေမန်နေဂျာရုံး တောင်ကြီးမြို့

၃။        “လ”အလိုက် သစ်ဆိပ်ပြောင်းကားတိုက်သယ်ယူရမည့် သစ်တန်ပမာဏနှင့် တင်ဒါစည်းကမ်းချက်များအား တင်ဒါလျှောက်လွှာ ဝယ်ယူမည့်နေရာတွင် တစ်ပါတည်းထုတ်ယူနိုင်ပါသည်။

၄။         အသေးစိတ်အချက်အလက်များသိရှိလိုပါက

(က)      မြန်မာ့သစ်လုပ်ငန်းဝက်ဆိုဒ် (Website)     - www.mte.com.mm

(ခ)       ဒုတိယအထွေထွေမန်နေဂျာ                     -ဖုန်း-၀၉-၄၀၀၃၀၁၆၀၁

ရှမ်းပြည်နယ်(အရှေ့/တောင်)

(ဂ)       ရှမ်းပြည်နယ်(အရှေ့/တောင်)ရုံး                -ဖုန်း-၀၉-၆၉၉၉၁၈၂၈၀

တောင်ကြီးမြို့။

(ဃ)      လက်ထောက်အထွေထွေမန်နေဂျာ           -ဖုန်း -၀၉-၂၅၉၅၉၀၆၉၆

လွိုင်လင်သစ်ထုတ်ရေးဒေသ

တင်ဒါခေါ်ယူရေးကော်မတီ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us