အခြေခံပညာကျောင်းသုံးစာအုပ်အဖုံး(၄) ရောင် ပုံနှိပ်ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

November 13, 2020
Views: 186
Tender ID: 14982
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ပုံနှိပ်ထုတ်‌ဝေခြင်း လုပ်ငန်း |
တင်ဒါကာလ: December 13, 2020 - January 13, 2021
တည်နေရာ: နေပြည်တော်
Description
- :

၁။        ပြန်ကြား‌ရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပညာသင်နှစ်အတွက်ရိုက်နှိပ်သော အခြေခံကျောင်းသုံးပြဌာန်းစာအုပ်များအနက်မှ အောက်ပါအရေအတွက်အတိုင်း အဖုံး(၄) ရောင် ပုံနှိပ်ဆောင်ရွက်ရန် ကုန်ကြမ်းပေးကုန်ချောယူစနစ် (သယ်ယူပို့ဆောင်စရိတ်နှင့် ပုံနှိပ်အပါအဝင်) တင်ဒါခေါ်ယူအပ်ပါသည်။

(က) ရန်ကုန်                  ၄,၄၉၇,၇၆၁

(ခ) မန္တလေး                   ၃ ၈၀၅,၆၁၄

၂။         အိတ်ဖွင့်တင်ဒါများကို ၁၄-၁၂-၂၀၂၀ ရက်မှ ၁၃-၁-၂၀၂၁ ရက်အထိ နေ့စဉ် နံနက် ၉:၃၀နာရီ မှ ၁၆:၀၀နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန ၊  ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ရုံးအမှတ်(၇)၊နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။         အိတ်ဖွင့်တင်ဒါများကို ၁၃-၁-၂၀၂၁ ရက်တွင်  နံနက် ၉:၃၀နာရီ မှ ၁၆:၀၀နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန ၊  ရုံးအမှတ်(၇)၊နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်၌ လာရောက်ပေးသွင်းရန် ဖြစ်ပါသည်။၊ သတ်မှတ်ကာလထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၄။         အိတ်ဖွင့်တင်ဒါပုံစံနှင့်အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၆၇-၄၁၂၃၇၄၊ ၀၆၇-၄၁၂၃၇၅ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါပုံစံများထုတ်ယူရန်လိပ်စာ

ပြန်ကြားရေးဝန်ကြီးဌာန ၊

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊

ရုံးအမှတ်(၇)၊နေပြည်တော်

ဖုန်း-၀၆၇၃-၄၁၂၃၇၄၊ ၀၆၇၃-၄၁၂၃၇၅

 

တင်ဒါတင်သွင်းရန်လိပ်စာ

ကုန်ကြမ်းများဝယ်ယူရေးနှင့်စိစစ်ရေးကော်မတီ

ပြန်ကြားရေးဝန်ကြီးဌာန ၊

ရုံးအမှတ်(၇)၊နေပြည်တော်

ဖုန်း- ၀၆၇၃-၄၁၂၃၇၅  ၊  ၀၆၇၃-၄၁၂၃၇၄

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us