မြေလမ်း၊ ကျောက်လမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်တံတား၊ Box Culvert တည်ဆောက်ရေး လုပ်ငန်းများ (မွန်ပြည်နယ်)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: November 26, 2020 - December 30, 2020
တည်နေရာ: မွန်ပြည်နယ်
Description
- :

မွန်ပြည်နယ်အစိုးရအဖွဲ့

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန

မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ မော်လမြိုင်မြို့

နယ်စပ်ဒေသဖွံ့ဖြိုး‌ရေး လမ်း၊ တံတားလုပ်ငန်းများဆောင်ရွက်ရန်အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။ မွန်ပြည်နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊  မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်မံခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်းများဖြစ်သော မြေလမ်း(၁)လမ်း၊ ဂဝံ/ကျောက်ရော မြေလမ်း (၁)လမ်း၊ ကျောက်လမ်း(၁)လမ်း၊ ကတ္တရာလမ်း(၂)လမ်း၊ ကွန်ကရစ်တံတား(၁)စင်း၊ Box Culvert (၆)စင်း၊ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများ ‌ရောင်းချမည့်နေ့ရက်၊ နောက်ဆုံးတင်သွင်းရမည့်နေ့ရက်နှင့် ဆက်သွယ်ရန်လိပ်စာတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က)     စတင်ရောင်းချမည့်ရက် /ချိန်                                            -၂၆-၁၁-၂၀၂၀ရက်၊ ၉:၃၀နာရီ

(ခ)       အရောင်းပိတ်မည့်ရက်/အချိန်                                            -၂၈-၁၂-၂၀၂၀ရက်၊ ၁၆:၃၀နာရီ

(ဂ)       အိတ်ဖွင့်တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် /အချိန်           -၃၀-၁၂-၂၀၂၀ရက်၊ (၁၆:၃၀နာရီ)

(ဃ)      ရောင်းချမည့်/တင်သွင်းရမည့်နေရာ                                   - မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ မော်လမြိုင်မြို့

၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဗဟိုလမ်း၊ စစ်ကဲကုန်းရပ်ကွက်၊ မော်လမြိုင်မြို့၊ ဖုန်း-၀၅၇-၂၀၂၄၇၈၀ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us