Sonic Integrity Test (SIT) စစ်ဆေးခြင်းလုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူခြင်း

November 30, 2020
Views: 193
Tender ID: 16029
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း | | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: December 4, 2020 - December 22, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီဌာနအောက်ရှိ တံတားတည်ဆောက်ရေးစီမံကိန်းများ၊ တံတားအထူးအဖွဲ့များမှ တာဝန်ယူတည်တည်ဆောက်သောတံတားများတွင် အောက်ခြေအုတ်မြစ်လုပ်ငန်းများ၏ Design Length ရ/မရ၊ ကွန်ကရစ်အရည်အသွေးကောင်း/မကောင်းနှင့်ခံနိုင်ရည်များအား စမ်းသပ်စစ်ဆေးရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဌာနခွဲမှ တာဝန်ယူ၍ Sonic Integrity Test (SIT) စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍  Sonic Integrity Test(SIT) စစ်ဆေးခြင်းလုပ်ငန်းများအတွက် ထပ်မံလိုအပ်သော အောက်ဖော်ပြပါပစ္စည်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများကို တင်သွင်းရန် မြန်မာနိုင်ငံသား တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္မဏီများအား ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါအမှတ်                 -SIT/DOB-MOC/PET

ပစ္စည်းအမျိုးအမည်         -PET(Pile Echo Tester)Update License Version 3.3.15

-Pile Length 2.0m 100m

-Laptop(Dell-i7,15´´ UHD, 10 th Generation

အရေအတွက်                 - (၂)စုံ

တင်ဒါအမှတ်                 -SIT/DOB-MOC/CSL

ပစ္စည်းအမျိုးအမည်         -Cross-Hole Analyzer Machine for Deep Foundation (CHAMP-Q)

-Cable Length:100m (heavy duty polyurethane outer jacket)

အရေအတွက်                 - (၁)စုံ

တင်ဒါအမှတ်                 -SIT/DOB-MOC/KODEN

ပစ္စည်းအမျိုးအမည်         -Ultrasonic Echo Sounding Machine for Deep Foundation (Koden Test)

(DM-604 PR), Ultrasonic Echo Sensing System

အရေအတွက်                 - (၁)စုံ

၂။ အိတ်ဖွင့်တင်ဒါများကို အောက်ပါအစီအစဉ်အတိုင်း တင်သွင်းရန်ဖြစ်ပါသည်။

(က)တင်ဒါပုံစံစတင်ရောင်းချမည့်ရက်             -၄-၁၂-၂၀၂၀ရက်

(ခ) တင်ဒါအရောင်းပိတ်မည့်ရက်/အချိန်          -၁၁-၁၂-၂၀၂၀ရက် ၁၄:၀၀နာရီ

(ဂ) တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်         -၂၂-၁၂-၂၀၂၀ရက် ၁၆:၀၀နာရီ

(ဃ) တင်ဒါဖွင့်မည့်ရက် /အချိန်                      -ထပ်မံဆက်သွယ်အကြောင်းကြားပါမည်။

၃။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက တံတားဦးစီးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဌာနခွဲ နေပြည်တော် ဖုန်း-၀၉-၇၉၇၁၉၀၃၁၉ သို့ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

မှတ်ချက် ။ တင်ဒါပုံစံဝယ်ယူခြင်းကို COVID-19 ကာလအတွင်း Online စနစ်ဖြင့် Gmail Address: bridgesit.moc@gmail.com သို့ ဝယ်ယူနိုင်ပြီး တင်ဒါလျှောက်လွှာပုံစံကြေးအား မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) နေပြည်တော်ရှိ တံတားဦးစီးဌာန၏ MD-012939 သို့ပေးသွင်းရမည် ဖြစ်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

တံတားဦးစီးဌာန

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us