ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့များ တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စီမံကြီးကြပ်မှုနှင့် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ |
တင်ဒါကာလ: December 29, 2020 - January 28, 2021
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း   

၁။  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ပေးတည်ဆောက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေးစစ်ဆေးရေးအဖွဲ့များဖြင့်စစ်ဆေးဆောင်ရွက်သွားရန်ရှိပါသည်။ ပြည်နယ်အတွင်းဇုန်ဧရိယာ ၁၁ ခု သတ်မှတ်၍ လည်းကောင်း၊ အဓိကအဆောက်အဦးကြီးများအတွက် သီးသန့်အရည်အသွေး စစ်‌ဆေးရေး အဖွဲ့များဖြင့်လည်းကောင်း၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့သို့ အိတ်ဖွင့်တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။တင်ဒါလျှောက်လွှာများအား ရခိုင်ပြည်နယ် တည်ဆောက်ရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့ရုံးတွင် အောက်ပါအစီအစဉ် အတိုင်း ရောင်းချသွားမည်ဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက်/အချိန်    - ၂၉-၁၂-၂၀၂၀ ရက်မှ ၂၈-၁-၂၀၂၁ ရက်အထိ

နေ့စဉ် နံနက် (၁၀:၀၀)နာရီ မှ ညနေ (၁၇:၀၀)နာရီအထိ (ရုံးပိတ်ရက်မပါ)

(ခ) တင်ဒါလျှောက်လွှာရောင်းချမည့်နေရာ             - တည်ဆောက်ရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့ရုံး၊ စစ်တွေမြို့

(ဂ) တင်ဒါတင်သွင်းရမည့်နေရာ                            - တည်ဆောက်ရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့ရုံး၊ စစ်တွေမြို့

၃။ အသေးစိတ်အချက်အလက်များသိရှိလိုပါ ပြည်နယ် တည်ဆောက်ရေးအထောက်အကူပြုလုပ်ငန်းအဖွဲ့၊ စစ်တွေမြို့ ဖုန်း-၀၉-၈၉၄၈၉၅၁၉၀၊ ၀၉-၂၅၄၂၄၁၃၃၈ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ပြည်နယ် တည်ဆောက်ရေးနှင့်လုပ်ငန်းစိစစ်ရေးကော်မတီ

ရခိုင်ပြည်နယ်

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us