Quality Control Team များကို  တာဝန်ပေးအပ်နိုင်ရန် လျှောက်လွှာခေါ်ယူခြင်း (စစ်ကိုင်းတိုင်းဒေသကြီး)

January 22, 2021
Views: 131
Tender ID: 18553
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စီမံကြီးကြပ်မှုနှင့် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ |
တင်ဒါကာလ: January 21, 2021 - February 22, 2021
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

အရည်အသွေးစစ်ဆေးရေးအဖွဲ့များ

(Quality Control Team) ကို

 တာဝန်ပေးအပ်နိုင်ရန် လျှောက်လွှာခေါ်ယူခြင်း

၁။ စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား ဒီဇိုင်းပုံစံ/သတ်မှတ်စံချိန်စံညွှန်း၊ ဆောက်လုပ်ရေးလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းရှိမရှိ တို့ကို စစ်ဆေးရန်၊ အရည်အသွေးစစ်ဆေးရေး အဖွဲ့များ (Quality Control Team) ငှားရမ်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။သို့ဖြစ်ပါ၍ အရည်အသွေးစစ်ဆေးရေးလုပ်ငန်းများအား လျှောက်ထားဆောင်ရွက်လိုသည့် (Quality Control Team) အဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနဒ၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးသို့ ၂၁-၁-၂၀၂၁ ရက်မှစ၍ ၂၂-၂-၂၀၂၁ ရက် ၁၆:၃၀နာရီအတွင်း လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် သိရှိလိုသောအချက်အလက်များ ရှိပါက စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနဒ၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး ဖုန်း-၀၇၁-၂၃၇၆၄ သို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Quality Control Team စိစစ်ရွေးချယ်ရေးကော်မတီ

စစ်ကိုင်းတိုင်းဒေသကြီး

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us