မအူပင်ခရိုင်၊ လမ်းဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းခွင်သုံးပစ္စည်းများ ငှားရမ်း/ဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: February 22, 2021 - March 3, 2021
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

ဆောက်လုပ်ရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီး

မအူပင်ခရိုင်၊ လမ်းဦးစီးဌာန

(၂၀၂၀-၂၀၂၁ ) ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းခွင်သုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

မအူပင်ခရိုင်၊ လမ်းဦးစီးဌာနမှ (၂၀၂၀-၂၀၂၁ ) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သော လုပ်ငန်းခွင်သုံးပစ္စည်းများအား လုပ်ငန်းခွင်အရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူ/ငှားရမ်းလိုပါသည်။

လိုအပ်သည့် လုပ်ငန်းခွင်သုံးပစ္စည်းများ၏ အမျိုးအစား၊ အရေအတွက်၊ အသေးစိတ်စာရင်းနှင့် တင်ဒါစည်းကမ်း သတ်မှတ်ချက်များကို မအူပင်ခရိုင်၊ လမ်းဦးစီးဌာန၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး၏ ကြော်ငြာသင်ပုန်းတွင် ၂၂-၂-၂၀၂၁ ရက်မှ စတင်၍ ဖော်ပြထားမည်ဖြစ်ပြီး ဖုန်းနံပါတ် ၀၄၅-၃၀၃၆၁ နှင့် ၀၉-၄၂၂၄၉၁၁၂၄သို့လည်း မေးမြန်းနိုင်ပါသည်။

တင်ဒါပုံစံစတင်ရောင်းချမည့်ရက်               -           ၂၂-၂-၂၀၂၁ ရက်

တင်ဒါပုံစံအရောင်းပိတ်မည့်ရက်/အချိန်      -           ၃-‌၃-၂၀၂၁ ရက် မွန်းလွဲ ၂ နာရီ

တင်ဒါဖွင့်လှစ်မည့် ရက်/အချိန်                  -          ၅-၃-၂၀၂၁ ရက် မွန်းလွဲ ၁ နာရီ

တင်ဒါတင်သွင်းစိစစ်ရွေးချယ်မည့်နေရာ     - ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ လမ်းဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့

တင်ဒါလျှောက်လွှာပုံစံနှင့်စည်းကမ်းချက်များကို မအူပင်ခရိုင်၊ လမ်းဦးစီးဌာန၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးရုံးတွင် ၂၂-၂-၂၀၂၁ ရက်မှစ၍ ရုံးချိန်အတွင်း ဝယ်ယူစုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မအူပင်ခရိုင်၊ လမ်းဦးစီးဌာန

ဖုန်း-၀၄၅-၃၀၃၆၁၊ ၀၉-၄၂၂၄၉၁၁၂၄

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us