ရုံးသုံးပစ္စည်းဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: December 4, 2019 - December 30, 2019
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။     သူနာပြုတက္ကသိုလ်-မန္တလေးတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် ပစ္စည်းများဝယ်ယူလိုပါသဖြင့် ရောင်းချလိုသည့် တရားဝင်အသိအမှတ်ပြု (လိုင်စင်ရအဖွဲ့အစည်း၊ ကုမ္ပဏီ) များထံမှ အိတ်ဖွင့်တင်ဒါခေါ်ယူအပ်ပါသည်.

၂။    ဝယ်ယူမည့်ပစ္စည်းများ

(က)   လျှပ်စစ်သုံးပစ္စည်းများ

(ခ)    အရပ်ရပ်သုံးပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာသင်တန်းသုံးပစ္စည်းများ၊ ရေပိုက်၊ လျှပ်စစ်၊ ကွန်ပျူတာ စသည့်အပိုပစ္စည်းများ

(ဂ)    ရုံးသုံးစက်ကိရိယာများ

(ဃ)   ရုံးသုံးပရိဘောဂများ

(င)    Medical Books & Journals များ ဝယ်ယူရန်

၃။     တင်ဒါတင်သွင်းသူသည် အထက်ဖော်ပြပါ ပစ္စည်းများကို တင်ဒါအချက်အလက်ပါ စည်းကမ်းအတိုင်း တင်ဒါခေါ်ယူရေးအဖွဲ့ထံသို့ သတ်မှတ်ရက်အတွင်း တင်ဒါတင်သွင်းရမည်။

တင်ဒါပုံစံ စတင်ရောင်းချမည့်ရက်  -  ၄.၁၂.၂၀၁၉ ရက်

တင်ဒါပုံစံ အရောင်းပိတ်မည့်ရက်   -  ၃၀.၁၂.၂၀၁၉ ရက် ၊ ညနေ ၄:၀၀ နာရီ

တင်ဒါပုံစံ ရောင်းချမည့်နေရာ        -   သူနာပြုတက္ကသိုလ်-မန္တလေး၊ စီမံရေးရာဌာန

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us