တည်ဆောက်ရေးလုပ်ငန်းနှင့် ဖြည့်စွက်လုပ်ငန်းတင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (စက်ရုံ၊ အလုပ်ရုံ) |
တင်ဒါကာလ: December 4, 2019 - December 30, 2019
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။   သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)တွင် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေဖြင့် အောက်ပါတည်ဆောက်ရေးလုပ်ငန်းနှင့် ဖြည့်စွက်လုပ်ငန်းများကို အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ကြောင်း ကြေငြာအပ်ပါသည်။

(က) တည်ဆောက်ရေးလုပ်ငန်း

(၁) (၈) ခန်းတွဲ  ဝန်ထမ်းအိမ်ရာ (၁၃၆' x ၄၅' x ၃၆ ' ) RC (၃) ထပ် တည်ဆောက်ခြင်း (အတွင်းရေ ၊ မီး၊ မိလ္လာ Apron & Drain အပါအဝင်)

(က) အဆိုပါအဆောက်အဦအတွက် အတွင်းလျှပ်စစ်လုပ်ငန်း

(ခ)   အဆိုပါအဆောက်အဦအတွက် ပြင်ပမှ လျှပ်စစ်သွယ်ယူခြင်းလုပ်ငန်း

(ဂ)  အဆိုပါအဆောက်အဦအတွက် ရေ၊ ရေစက်နှင့် ဆက်နွှယ်သောလုပ်ငန်း

(ဃ)  ရေဆင်းနှင့် ရေမြောင်းလုပ်ငန်း

(င)   ရေစက်နှင့်ရေတင်စက် ဆက်သွယ်ခြင်းလုပ်ငန်း ( Over Head Tank) ပါ

(စ) အဆိုပါ (၈) ခန်းတွဲ ဝန်ထမ်းအိမ်ရာ (၁၃၆' x ၄၅' x ၃၆ ' ) RC (၃) ထပ် တည်ဆောက်မည့်နေရာဖြစ်သည့် သစ်သားဆောင် (၈) ခန်းတွဲ (၁) ထပ် ဝန်ထမ်းအိမ်ရာအဆောင်အား တင်ဒါရသည့်ကုမ္ပဏီမှ တာဝန်ယူဖျက်သိမ်းပေးရမည်။

(ခ)    ဖြည့်စွက်လုပ်ငန်းများ

(က)   တက္ကသိုလ်ဝင်း (အရှေ့ + တောင် + မြောက်ဘက်) ခြံစည်းရိုး သံပန်းကာရံခြင်း (၂၉၅၁') (Chain Link, Precast RC Post ဂိတ်တံခါးအပါ)

(ခ)     စတိုရှေ့ ကွန်ကရစ်ခင်းခြင်း ( ၃၀' x ၁၅၀'x ထု ၆" ) ( အောက်ခံကျောက်ကြီး ၉" ၊ ကွန်ကရစ် ၆")

၂။    အိတ်ဖွင့်တင်ဒါပုံစံများကို ၄.၁၂.၂၀၁၉ ရက်မှစ၍ ရုံးချိန်အတွင်း သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)တွင် လာရောက်ဝယ်ယူနိုင်ပြီး ၃၀.၁၂.၂၀၁၉ ရက်၊ ညနေ ၄:၀၀ နာရီနောက်ဆုံးထား၍ တင်သွင်းရမည်။

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us