ပုံနှိပ်လုပ်ငန်းဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

December 7, 2019
Views: 102
Tender ID: 4431
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ပုံနှိပ်ထုတ်‌ဝေခြင်း လုပ်ငန်း |
တင်ဒါကာလ: December 9, 2019 - December 28, 2019
တည်နေရာ: နေပြည်တော်
Description
- :

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ရိုက်နှိပ်သော အခြေခံပညာကျောင်းသုံးပြဌာန်းစာအုပ်များအနက်မှ အောက်ပါအရေအတွက်အတိုင်း အဖုံး(၄) ရောင် ပုံနှိပ်ဆောင်ရွက်ရန် ကုန်ကြမ်းပေး၊ ကုန်ချောယူစနစ် (သယ်ယူပို့ဆောင်စရိတ်နှင့် ပုံနှိပ်ခအပါအဝင်) တင်ဒါခေါ်ယူအပ်ပါသည်။

(က) မန္တလေး ၃၁၂၃၉၁၄
(ခ) ရန်ကုန် ၄၇၂၂၄၄၅

၂။ အိတ်ဖွင့်တင်ဒါများကို ၉.၁၂.၂၀၁၉ ရက်မှ ၁၈.၁၂.၂၀၁၉ ရက်အထိ နေ့စဉ် (ရုံးပိတ်ရက်အပါအဝင်) ၉:၃၀ နာရီမှ ၁၆:၀၀ နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ရုံးအမှတ် (၇) နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါများကို ၂၈.၁၂.၂၀၁၉ ရက် ၉:၃၀ မှ ၁၆:၀၀ နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ရုံးအမှတ် (၇) နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်၌ လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ သတ်မှတ်ကာလထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

တင်ဒါပုံစံများ ထုတ်ယူရန်လိပ်စာ - ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၇) နေပြည်တော်။ ဖုန်း- ၀၆၇ ၃၄၁၂၃၇၄၊ ၀၆၇-၃၄၁၂၃၇၅

တင်ဒါတင်သွင်းရန်လိပ်စာ - ကျောင်းသုံးပြဌာန်းစာအုပ် ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၇) နေပြည်တော်။ ဖုန်း- ၀၆၇ ၃၄၁၂၃၇၄၊ ၀၆၇-၃၄၁၂၃၇၅

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us