ဆောက်လုပ်ရေးလုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: December 16, 2019 - January 14, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေဖြင့် ခွဲဝေချထားသည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်ရန်အတွက် မြန်မာနိုင်ငံသားများပိုင် ပြည်တွင်းကုမ္ပဏီများအား တင်ဒါများတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ရန်ကုန်တိုင်းဒေသကြီးတွင် လူကုန်ကူးခံရသူများအား ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ (၂၀၈' x ၅၂' x ၂၄') (၂)ထပ် ရေ၊ မီး၊ မိလ္လာ၊ Apron & Drain အပါအဝင် ဆောက်လုပ်ခြင်း (၆၄၉.၂၃၂) သန်း
(ခ) ရန်ကုန်တိုင်းဒေသကြီးတွင် လူကုန်ကူးခံရသူများအား ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာတွင် (၁၆၇၁' x ၆' အမြင့်) ၊ (၂၀' x ၆') ဂိတ်တံခါးအပါအဝင်) ဖြင့် ချိန်းလင့်ခြံစည်းရိုးကာရံခြင်း (၃၅.၁၈၈) သန်း

၂။ အိတ်ဖွင့်တင်ဒါကို အောက်ပါအတိုင်း တင်သွင်းရန်ဖြစ်ပါသည်။

(က) အိတ်ဖွင့်တင်ဒါလျှောက်လွှာ ရောင်းချမည့်ရက် - ၁၆.၁၂.၂၀၁၉ ရက်မှ ၁၄.၁.၂၀၂၀ ရက်
(ခ) အိတ်ဖွင့်တင်ဒါ တင်သွင်းရမည့်ရက် - ၁၆.၁၂.၂၀၁၉ ရက်မှ ၁၄.၁.၂၀၂၀ ရက်
(ဂ) တင်ဒါပုံစံဝယ်ယူ တင်သွင်းနိုင်မည့်နေရာ - ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး
(ဃ) ဆက်သွယ်ရန်ဖုန်း - ၀၁-၆၅၈၀၂၇၊ ၀၁-၆၅၁၀၂၈

၃။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်များကို သိရှိလိုပါက ဖုန်း ၀၁-၆၅၈၀၂၇၊ ၀၁-၆၅၁၀၂၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us