လုပ်ငန်းသုံးတည်ဆောက်ရေးပစ္စည်းများ ဝယ်ယူရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: December 23, 2019 - January 14, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့ (၄)၊ မန္တလေးမြို့မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရေးပေါ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ မိုင် (၈၄/ဝ) ရှိ ဂုတ်တွင်းတံတား (၂၁၀) ပေ ရှည် သံကူကွန်ကရစ် နှစ်လမ်းသွားတံတားသစ် တည်ဆောက်ခြင်းလုပ်ငန်းတွင် အသုံးပြုရန်အတွက်လိုအပ်သော လုပ်ငန်းသုံးတည်ဆောက်ရေးပစ္စည်းများ ဝယ်ယူခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများအား မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ မြန်မာကျပ်ငွေဖြင့် လုပ်ငန်းခွင်အရောက်/ဝယ်ယူ သယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါတင်သွင်း/စိစစ်/ ရွေးချယ်မည့်နေရာ - နောင်ချိုမြို့နယ်၊ လမ်းဦးစီးဌာနဦးစီးအရာရှိ (မြို့ပြ) ရုံး
တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက် - ၂၃.၁၂.၂၀၁၉
တင်ဒါပိတ်မည့်ရက် /အချိန် - ၁၄.၁.၂၀၂၀ (၁၆: ၀၀) နာရီ
တင်ဒါစိစစ်ရွေးချယ်မည့်ရက် /အချိန် - ၁၅.၁.၂၀၂၀ (၁၀: ၀၀) နာရီ

တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို တံတားအထူးအဖွဲ့ (၄)၊ မန္တလေး၊ ဒု-ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးနှင့် နောင်ချိုမြို့နယ်၊ လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) ရုံးတို့တွင် ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါသည်။

ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ - ၀၉ ၂၅၁၇၆၉၂၂၃၊ ၀၉-၇၇၂၉၅၂၂၀၂၊ ၀၈၂-၈၅၀၁၅၊ ၀၉-၄၅၈၀၃၃၈၁၈

Contact Information
Phone: 09-251769223
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us