စက်ပစ္စည်းအင်ဂျင်များ ရောင်းချရန်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ယာဉ်၊ စက်ကိရိယာနှင့် အပိုပစ္စည်း |
တင်ဒါကာလ: December 24, 2019 - January 16, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနပိုင် ပြည်သူ့ဘဏ္ဍာသိမ်းဆည်းထားပြီး တင်ဒါမအောင်မြင်ဘဲ ကျန်ရှိသော ရေယာဥ် (၅၁)စင်းမှ စက်ပစ္စည်းအင်ဂျင်(သံထည်)များအား Lot No. (၄)ခုခွဲ၍ မျက်မြင်အခြေအနေအတိုင်း ရောင်းချမည်ဖြစ်၍ ဝယ်ယူလိုသူ နိုင်ငံသားများအနေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန်
ဖိတ်ခေါ်အပ်ပါသည်။
၂။ ပြည်သူ့ဘဏ္ဍာသိမ်းဆည်း ရေယာဥ်များအတွက် တင်ဒါလျှောက်လွှာတစောင်လျှင် ၁၀၀၀၀ (ကျပ်တစ်သောင်းတိတိ) ဖြစ်ပြီး စက်ပစ္စည်းအင်ဂျင်(သံထည်)များ၏ အချက်
အလက်များအား တင်ဒါလျှောက်လွှာ စည်းကမ်းချက်ပုံစံတွင် ပူးတွဲဖော်ပြထားပါသည်။

၃။ တင်ဒါလျှောက်လွှာနှင့် စည်းကမ်းချက်ပုံစံရောင်းချမည့်-
(က)    နေ့ရက် -  ၂၄-၁၂-၂၀၁၉ ရက်မှ ၁၆-၁-၂၀၂၀ရက်အထိ
(ခ)      အချိန်   - နေ့စဥ်ရုံးဖွင့်ချိန်များတွင်          နံနက် ၁၀:ဝဝနာရီမှ ၁၅:၃၀ နာရီထိ။
(ဂ)      နေရာ   - ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၃၆)၊ ပဏ္ဍိတလမ်း၊ နေပြည်တော်။

၄။ စက်ပစ္စည်းအင်ဂျင် (သံထည်) ၏ မျက်မြင်အခြေအနေအား ကြည့်ရှုရမည့်နေရာ   - ကော့သောင်းခရိုင်တွင် (၁၉)စင်း၊ မြိတ်ခရိုင်တွင် (၂၆)စင်းနှင့် ကျွန်းစုတွင်  (၆)စင်းတို့၏စက်ပစ္စည်းအင်ဂျင် (သံထည်) များအားသက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနတွင် မျက်မြင်ကြည့်ရှုနိုင်ပါသည်။

၅။ အိတ ်ဖွင့်တင်ဒါတင်သွင်းရမည့်နေရာ - ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ်(၃၆)၊ ပဏ္ဍိတလမ်း၊ နေပြည်တော်။
၆။ အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ရက်/အချိန်           - ၂၃-၁-၂၀၂၀ ရက်နေ့   ၊ နံနက် ၉:၃၀နာရီ
၇။ အိတ်ဖွင့်တင်ဒါဖွင့်မည့် ရက်/အချိန်                       - ၂၃-၁-၂၀၂၀  ရက်နေ့၊   နံနက် ၁၀:ဝဝ နာရီ

၈။ တင်ဒါဝယ်ယူသူသည် ဝယ်ယူမည့်စက်ပစ္စည်းအင်ဂျင်(သံထည်)များအား ကမ်းလှမ်းအဆိုပြုသည့်တန်းဖိုး၏ ၁၀% ကို စပေါ်ငွေအဖြစ် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်တွင် Payment Order Cheque (P.O) ဝယ်ယူ၍ တင်ဒါပွဲမတိုင်မီ (၁)နာရီကြိုတင် တင်ပြရမည်။
၉။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) ဖုန်းနံပါတ် ၀၆၇-၄၁၈၅၃၁၊ ၀၆၇-၄၀၈၄၇၇ တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us