ပစ္စည်းများဝယ်ယူဖြည့်ဆည်းနိုင်ရေးအတွက်အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: January 9, 2020 - February 11, 2020
တည်နေရာ: နေပြည်တော်
Description
- :

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

နေပြည်တော်ကောင်စီ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်

အိတ်ဖွင့်တင်ဒါ(Open Tender) ခေါ်ယူခြင်း

၁။   နေပြည်တော်ကောင်စီ၏ကြီးကြပ်မှုဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(စက်ပစ္စည်း/ပရိဘောဂ)ခေါင်းစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်း/ရုံးများအတွက်စက်ပစ္စည်းနှင့် ပရိဘောဂပစ္စည်းများဝယ်ယူဖြည့်ဆည်းနိုင်ရေးအတွက် မြန်မာနိင်ငံသား လုပ်ငန်းရှင်ကုမ္ပဏီများအား သတ်မှတ်ချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါ(Open Tender)တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

၂။   အိတ်ဖွင့်တင်ဒါပုံစံစတင်ရောင်းချမည့်ရက်၊ အချိန် - ၉-၁-၂၀၂၀ရက် ၉း၀၀ နာရီ

အိတ်ဖွင့်တင်ဒါပိတ်မည့်ရက်၊ အချိန်                      - ၁၁-၂-၂၀၂၀ရက် ၁၆း၃၀ နာရီ

တင်ဒါတင်သွင်းရမည့်နေရာ                                  - နေပြည်တော်ပညာရေးမှူးရုံး

၃။  အိတ်ဖွင့်တင်ဒါတင်သွင်းရန် အသေးစိတ်အချက်အလက်များ သိရှိလိုပါက လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းနံပါတ် ၀၆၇-၅၅၀၄၂၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us