ရေနံဓာတ်ငွေ့ရည်များရောင်းချရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ရေနံထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့နှင့် စက်သုံးဆီရောင်းဝယ်ရေး |
တင်ဒါကာလ: February 7, 2020 - March 6, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး) မှ ပရိုပိန်းဓာတ်ငွေ့ရည် ၁၀၀ တန် (တန်တရာတိတိ)+ရေနံဓာတုဗေဒစက်ရုံစု (သံပုရာကန်) မှ ဗြူတိန်းရေနံဓာတ်ငွေ့ရည် ၁၀၀ တန် (တန်တစ်ရာတိတိ) စုစုပေါင်း ရေနံဓာတ်ငွေ့ရည် တန် ၂၀၀ ( တန်နှစ်ရာတိတိ) ကို တင်ဒါစနစ်ဖြင့် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် ရေနံဓာတ်ငွေရည် တင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် လိုင်စင်(ခ) သို့မဟုတ် လိုင်စင်(စ) လက်ဝယ်ရှိသူများ အဆိုပြုလွှာတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်၊ အချိန်နှင့်နေရာ - ၆.၃.၂၀၂၀ ( သောကြာနေ့) ၁၂:00 နာရီ၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(ရုံးချုပ်)၊ ရုံးအမှတ် (၄၄)၊ နေပြည်တော်

၃။ တင်ဒါဖွင့်လှစ်မည့်နေ့ရက်နှင့် အချိန်  -  ၆.၃.၂၀၂၀ ရက် (သောကြာနေ့)၊ ၁၄:၀၀ နာရီ

၄။ တင်ဒါစည်းကမ်းချက်နှင့် ပုံစံများအား တလကြိုတင်၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။

၅။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန ၊ ဖုန်း ၀၆၇-၃၄၁၁၁၉၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us