ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး ဖျက်သိမ်းခြင်းအတွက် ဈေးပြိုင်တင်ဒါဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: February 14, 2020 - March 10, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဦးစီးဌာနလက်အောက်ရှိ၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ တည်ဆောက်ရန်အတွက် လက်ရှိရုံးအားဖျက်သိမ်းခြင်းအတွက် ဈေးပြိုင်တင်ဒါခေါ်ယူလိုပါသဖြင့် တင်ဒါလျှောက်လွှာတင်သွင်းနိုင်ပါကြောင်း ကြေငြာအပ်ပါသည်။

ဈေးပြိုင်တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်  -  ၁၄.၂.၂၀၂၀ ရက် ( သောကြာနေ့) (ရုံးချိန်အတွင်း)

ဈေးပြိုင်တင်ဒါလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက်၊ အချိန်  -  ၁၀.၃.၂၀၂၀ ရက် (အင်္ဂါနေ့)  ၁၃:၀၀နာရီ
ဈေးပြိုင်တင်ဒါလျှောက်လွှာ ရောင်းချမည့်နေရာ  -   လမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး
ဈေးပြိုင်တင်ဒါလျှောက်လွှာ ဖွင့်လှစ်မည့်ရက်၊ အချိန် - ထပ်မံကြေညာသွားပါမည်။
ဈေးပြိုင်တင်ဒါလျှောက်လွှာ ဖွင့်လှစ်မည့်နေရာ -  အစည်းအဝေးခန်းမ၊ လမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့။

၂။ အသေးစိတ် အချက်အလက်များသိရှိလိုပါက လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (မြို့ပြ) သို့ လာရောက်စုံစမ်းနိုင်ပါသည်။ (ဖုန်း -၀၁-၃၇၁၀၆၇)

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊

အမှတ်(၃၉)၊ န၀ဒေးလမ်း၊ ဒဂုံမြို့နယ်။

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us