ပြည်ထဲရေး၀န်ကြီးဌာန၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

February 17, 2020
Views: 176
Tender ID: 6022
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ယာဉ်၊ စက်ကိရိယာနှင့် အပိုပစ္စည်း |
တင်ဒါကာလ: February 17, 2020 - March 16, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ပြည်ထဲရေး၀န်ကြီးဌာန၊ ပစ္စည်း၀ယ်ယူစိစစ်ရေးကော်မတီသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် လိုအပ်သော Double Cab ယာဥ် ၃၃ စီး ဝယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိပါသဖြင့် ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အဆိုပါပစ္စည်းတင်သွင်းလိုသော ပြည်တွင်းမြန်မာနိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာများကို ၁၇-၂-၂၀၂၀ ရက်မှစ၍ နေပြည်တော်၊ ပြည်ထဲရေး၀န်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင် ၀ယ်ယူနိုင်ပြီး ၁၆-၃-၂၀၂၀ ရက်၊ ၁၆:၀၀နာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။

လုပ်ငန်းရှင်များသည် တင်ဒါအဆိုပြုလွှာအား သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

၃။ တင်ဒါဖွင့်လှစ်မည့်နေ့ရက်အား နိုင်ငံပိုင်သတင်းစာများမှ ထပ်မံကြေငြာမည် ဖြစ်ပါသည်။

၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖုန်း-၀၆၇-၃၄၁၂၅၁၂ နှင့် ၀၆၇-၃၄၁၂၄၀၂ များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ပစ္စည်းဝယ်ယူမှု စိစစ်ရေးကာ်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us