ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၀ယ်ယူရန် တင်ဒါ‌ခေါ််််််််ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: February 21, 2020 - March 23, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာနမှ ရခိုင်ပြည်နယ် (မြောက်ပိုင်း) နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဥ်အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ရန်နှင့် နည်းပညာဆိုင်ရာ Software ရေးဆွဲရန်အတွက် ကွန်ပျူတာနှင့် စက်ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသဖြင့် ဌာနမှသတ်မှတ်ထားသည့် အမျိုးအစား၊ Specification အတိုင်း တိကျမှန်ကန်စွာ တင်သွင်းနိုင်သော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ အိတ်ဖွင့်တင်ဒါပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါလျှောက်လွှာပုံစံ စတင်ရောင်းချမည့်ရက် - ၂၁-၂-၂၀၂၀ ရက် မှ ၂၃-၃-၂၀၂၀ ရက် ညနေ (၁၆:ဝဝ)နာရီအထိ

တင်ဒါပိတ်မည့်ရက်နှင့် အချိန် -  - ၂၃-၃-၂၀၂၀ ရက်၊ ညနေ (၁၆:ဝဝ) နာရီအထိ

တင်ဒါတင်သွင်းရန်နေရာ - အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ၊ လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော် ။

၂။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ၊ လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာနတွင် တင်ဒါ စည်းကမ်းချက်များအား ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။

၃။ အေသးစိတ်အချက်အလက်များသိလိုပါကလူကိုယ်တိုင်ဖြစ်စေ ၊ အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ဝန်ကြီးဌာန၊ လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ

ရက်စွဲ။ ၂၁-၂-၂၀၂၀

နေရာ - - အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ၊ လူ၀င်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၄၈)၊ နေပြည်တော်

ဖုန်း-၀၆၇-၄၃၁၅၁၁၊ ၀၆၇-၄၃၁၅၁၂

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us