လမ်း/တံတား လုပ်ငန်းသုံး‌ဆောက်လုပ်ရေးပစ္စည်းများအား အိတ်ဖွင့်တင်ဒါ‌ခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: March 10, 2020 - March 17, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

ဆောက်လုပ်ရေး၀န်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ဧရာ၀တီတိုင်းဒေသကြီး၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း (တင်ဒါအမှတ် - ၇/၂၀၁၉-၂၀၂၀)

၁။ ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ၊ မြို့နယ်/မြို့များမှ ၂၀၁၉-၂၀၂၀ ဆောင်ရွက်မည့် ပြည်ထောင်စု/တိုင်းဒေသကြီး လမ်း/တံတားလုပ်ငန်းများမှ အသုံးပြုရန်လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများအား လမ်းအလိုက်၊ လုပ်ငန်းအလိုက် (လုပ်ငန်းခွင်အရောက်) (မြန်မာကျပ်ငွေဖြင့်) ၀ယ်ယူလိုပါသည်။

၂။ လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများ၏ အမျိုးအစား၊ အရေအတွက်၊ ၀ယ်ယူလိုသည့် အသေးစိတ်စာရင်းနှင့် တင်ဒါစည်းကမ်းသတ်မှတ်ချက်များကို သက်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ရုံး၏ ကြော်ငြာသင်ပုန်းတွင် ၁၀-၃-၂၀၂၀ ရက်မှစတင်၍ ဖော်ပြထားမည်ဖြစ်ပါသည်။

တင်ဒါပိတ်မည့်ရက် နေ့ရက်/အချိန် - ၁၇-၃-၂၀၂၀ ရက် ၊ ၁၅:၀၀ နာရီ
တင်ဒါဖွင့်မည့်နေရာ - လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ပုသိမ်ခရိုင်၊ အမှတ် (၂) နယ်မြေ၊ ရွှေစည်းခုံဘုရားလမ်း၊ ပုသိမ်မြို့။
တင်ဒါဖွင့်မည့် နေ့ရက်/အချိန် - ၁၈-၃-၂၀၂၀ ရက်၊ နံနက် ၁၀:၀၀ နာရီ

တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို အောက်ဖော်ပြပါဌာနတွင် ရုံးချိန်အတွင်း ၀ယ်ယူစုံစမ်းနိုင်ပါသည်။

တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ၊ လမ်းဦးစီးဌာန၊ ပုသိမ်ခရိုင်
ဖုန်း - ၀၄၂-၂၁၀၉၉

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us