အိမ်သာများတည်ဆောက်ရန် တင်ဒါ‌ခေါ်ယူခြင်း

February 23, 2020
Views: 160
Tender ID: 6087
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: February 18, 2020 - March 2, 2020
NGO/INGO အမည်: လူမှုရေးရာပေါင်းစည်းမှုစင်တာ (CSI)
NGO/INGO လိပ်စာ: အမှတ် 449A1/Z၊ မိုးမခလမ်း၊ ဗိုလ်ချို ၂ ရပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊
အဖွဲ့အစည်း: | |   
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

လူမှုရေးရာပေါင်းစည်းမှုစင်တာ (CSI) သည် အောက်ပါ အိမ်သာများတည်ဆောက်ရန်အတွက် အရည်အချင်းပြည့်၀သော ဒေသကန်ထရိုက်တာ ခေါ်ယူရန်အတွက် တင်ဒါဖိတ်ခေါ်ခြင်း ဖြစ်ပါသည်။

တင်ဒါအမှတ်။ ။ TD-MM-CSI-2020-001
Lot#1 - အိမ်သာအသစ် တည်ဆောက်ခြင်း (မြောက်ဦးမြို့နယ်)
Lot#2 - အိမ်သာအသစ် တည်ဆောက်ခြင်း (ကျောက်တော်မြို့နယ်)
Lot#3 - လက်ဆေးရန်နေရာ ဆောက်လုပ်ခြင်း (မြောက်ဦးမြို့နယ်)
Lot#4 - လက်ဆေးရန်နေရာ ဆောက်လုပ်ခြင်း (ကျောက်တော်မြို့နယ်)
အသေးစိတ်အချက်အလက်များကို တင်ဒါခေါ်ယူမှုစာရွက်တွင် ဖော်ပြထားပါသည်။ လူကြီးမင်းတို့အနေဖြင့် ကျောက်တော်မြို့နယ် (သို့) မြောက်ဦးမြို့နယ် (သို့) အားလုံးသော်လည်းကောင်း တင်ဒါအတွက် တင်သွင်းနိုင်သည်။ ကုမ္ပဏီတခုတည်းနှင့် အိမ်သာအားလုံးအတွက် သဘောတူစာချုပ်ချုပ်မည်ဟု CSI မှ အာမ မခံနိုင်ပါ။

တင်ဒါခေါ်ယူခြင်းသည် CSI ၏ တင်ဒါလျှောက်ထားမှု စာရွက်စာတမ်းများကို အသုံးပြု၍ လျှောက်ထားရမည်ဖြစ်ပြီး အရည်အသွေးပြည့်မှီသော contractors များ အားလုံးမှ လွတ်လပ်စွာလျှောက်ထားနိုင်ပါသည်။ တင်ဒါလျှောက်ထားမှု စာရွက်စာတမ်းကို အောက်ပါလိပ်စာတွင် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

CSI ရန်ကုန်ရုံးချုပ် - အမှတ် 449A1/Z၊ မိုးမခလမ်း၊ ဗိုလ်ချို ၂ ရပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊
CSI ဘူးသီးတောင် ရုံးခွဲ - အမှတ် ၆ ၊ ဥက္ကာပျံလမ်း၊ မြို့သစ်တောင်ရပ်ကွက်၊ ဘူးသီးတောင်မြို့နယ်။

သို့မဟုတ် CSI website ဖြစ်သော www.centerforsocialintegrity.org တွင် call for tender တွင်လည်း ၀င်ရောက်ရယူနိုင်ပါသည်။
CSI facebook page: www.facebook.com/centerforsocialintegrity တွင်လည်း ၀င်ရောက်ရယူနိုင်ပါသည်။

လျှောက်ထားလိုသော လူကြီးမင်းတို့အနေဖြင့် စိတ်၀င်စားပါက တင်ဒါဖောင်များကို CSI ရုံးသို့ လာရောက်ထုတ်ယူနိုင်ပါသည်။ တင်ဒါဖောင်များကို ရန်ကုန်ရုံးလိပ်စာ - အမှတ် 449A1/Z၊ မိုးမခလမ်း၊ ဗိုလ်ချို ၂ ရပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် မတ်လ ၂ ရက်နေ့ထက် နောက်မကျစေဘဲ ရုံးချိန်အတွင်း ( နံနက် ၉ နာရီ မှ ၅နာရီ အတွင်း ) လာရောက်တင်သွင်းကြရမည်။

သင့်အနေဖြင့် ဥပဒေနှင့်မညီသော၊ မသင့်လျော်သော၊ ကျင့်၀တ်ချိုးဖောက်သော၊ လုပ်ငန်းပိုင်းဆိုင်ရာ ( တောင်းခံခြင်း၊ လက်ခံခြင်း၊ လာဘ်ထိုးခြင်းနှင့် လာဘ်ထိုးရန်ကြိုးစားခြင်း) စသော အလေ့အထများအပေါ် သံသယရှိစရာများ တွေ့ရှိခဲ့ပါက 09960002004 ကို ခေါ်ဆို သတင်းပေးနိုင်သည်။

သိလိုသည်များရှိပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။
09-423701671 or email csi.tender@csi-global.org
https://www.centerforsocialintegrity.org/call-for-tenders/

Contact Information
Phone: 09-423701671
Website:
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us