Toll Accessory & Toll Management System with ETC & MTC တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: March 3, 2020 - March 31, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ ထန်းတပင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့တွင် မြို့ဝင်Toll Gate တွင် Toll Accessory & Toll Management System with ETC & MTC တပ်ဆင်ခြင်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ တိုင်းရင်းသားများပိုင် ပြည်တွင်းကုမ္ပဏီများအား တင်ဒါများတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါများကို နည်းပညာပိုင်းဆိုင်ရာ အဆိုပြုလွှာ နှင့် ငွေကြေးဆိုင်ရာအဆိုပြုလွှာဟူ၍ သီးခြားစာအိတ်များဖြင့် တင်ဒါတင်သွင်းသူများလိုက်နာရန် ညွှန်ကြားချက်များ  (Instructions to Tenders) နှင့်အညီ တင်သွင်းရန်ဖြစ်ပါသည်။

၃။ တင်ဒါစာရွက်စာတမ်း အပြည့်အစုံကို (၃-၃-၂၀၂၀) ရက်မှစတင်၍ ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပြီး အိတ်ဖွင့်တင်ဒါကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်ဖောက်သွားမည် ဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်၊ အချိန် -  (၃၁-၃-၂၀၂၀) နံနက် (၉:၀၀)နာရီ

(ခ) တင်ဒါဖွင့်ဖောက်စစ်ဆေးမည့် ရက်၊ အချိန် - (၃၁-၃-၂၀၂၀) နံနက် (၁၀:၀၀)နာရီ

(ဂ) တင်ဒါစိစစ်ရွေးချယ်မည့်နေရာ - ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး

၎။ အသေးစိတ်အချက်အလက်များနှင့် တင်ဒါလျှောက်လွှာပုံစံများကို ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၊ တယ်လီဖုန်းအမှတ် - ၀၉-၄၃၁၈၆၀၀၇၊ ၀၉-၄၅၀၀၂၀၄၃၉၊ ၀၉-၇၈၆၃၆၆၉၆၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us