ကျေးလက်လမ်း၊တံတား တည်ဆောက်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: March 3, 2020 - March 26, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန

Agriculture Income Improvement Project griculture Income Improvement Project (AIIP) (MY-P25) AIIP) (MY-P25)

(လုပ်ငန်းတင်ဒါဖိတ်ခေါ်ခြင်း)

၁။ ‌ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ‌ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ JICA(ODA) Loan (Agreement MY-P25) ဖြင့် ‌ဆောင်ရွက်မည့် စိုက်ပျိုး‌ရေး၀င်ငွေတိုးတက်ရေးစီမံကိန်းပါ စစ်ကိုင်းတိုင်း‌ဒေသကြီးခရိုင် (၃) ခရိုင်၊ မြို့နယ် (၁၀) မြို့နယ်ရှိ ‌ကျေးလက်လမ်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများအတွက် မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ‌ခေါ်ယူ၍ ကန်ထရိုက်စနစ်ဖြင့် ‌ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။ စိတ်ပါ၀င်စားသူ လုပ်ငန်းရှင်များသည် နည်းပညာနှင့် ဘဏ္ဍာ‌ရေးအဆိုပြုလွှာ (Technical and Financial Proposals) များကို ပြင်ဆင်ပြုစု၍ ချိပ်ပိတ်စာအိတ်သီးခြားစီဖြင့် ‌အောက်ဖော်ပြပါသို့ ၃.၄.၂၀၂၀ ရက် (‌သောကြာ‌နေ့) မွန်းတည့် ၁၂:ဝဝ နာရီ ‌နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။

၃။ အသေးစိတ်သိရှိလိုသည်များကို အီး‌‌မေးလ်လိပ်စာ design.drrd@gmail.com သို ၂၆-၃-၂၀၂၀ ရက်‌နောက်ဆုံးထား၍ စာဖြင့် ‌ရေးသား‌မေးမြန်းနိုင်ပါသည်။

၄။ တင်ဒါလုပ်ငန်းများနှင့် ပတ်သတ်သည့် ကြိုတင်ရှင်းလင်းခြင်းအား ၂၃.၃.၂၀၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ‌ကျေးလက်ဖွံ့ဖြိုး‌ရေးလမ်းဦးစီးဌာန၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၅။ စိတ်ပါ၀င်စားသည့် လုပ်ငန်းရှင်များသည် တင်ဒါစာရွက်စာတမ်းများအား ‌ကြော််််ငြာသည့်နေ့မှစတင်ကာ ရုံးအမှတ် (၁၁)၊ ‌ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ‌ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ ဖုန်း ၀၉-၆၆၁၃၀ ၃၀၃၂ သို့ ဆက်သွယ်၍ ရုံးချိန်အတွင်း ၀ယ်ယူရရှိနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေး‌ကော်မတီ

ဆောက်လုပ်ရေး၀န်ကြီးဌာန

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us