ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် တင်ဒါခေါ်ယူခြင်း

March 4, 2020
Views: 69
Tender ID: 6163
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ပိတ်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: March 4, 2020 - March 20, 2020
NGO/INGO အမည်: စူဠာမုနိလောကချမ်းသာ‌စေတီတော် ‌‌ဂေါပကအဖွဲ့
NGO/INGO လိပ်စာ: တောင်ကြီးမြို့
အဖွဲ့အစည်း: | |   
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။  ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ‌တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ‌စေတီတော် ‌ဂေါပကအဖွဲ့က စူဠာမုနိလောကချမ်းသာ‌စေတီတော်မြတ်ကြီး၏ အရံစေတီတော် (၄) ဆူကို လုံး‌တော်ပြည့် ‌ရွှေသင်္ကန်းကပ်လှူပူဇော်မည် ဖြစ်ပါသဖြင့် တင်ဒါတင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ကြေညာအပ်ပါသည်။

(က) တင်ဒါ‌နောက်ဆုံးတင်သွင်းရမည့်ရက်နှင့် အချိန် - ၂၀.၃.၂၀၂၀ ရက်၊ ညနေ (၄) နာရီ

(ခ) တင်ဒါတင်သွင်းရမည့်နေရာ - စူဠာမုနိလောကချမ်းသာ‌စေတီတော် ‌ဂေါပကအဖွဲ့ရုံး

၂။ တင်ဒါ‌လျှောက်လွှာပုံစံ၊ စည်းကမ်းချက်များ၊ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စူဠာမုနိလောကချမ်းသာ‌စေတီတော် ‌ဂေါပကအဖွဲ့ရုံး၊ ရုံးချိန်အတွင်း (ဖုန်း - ၀၈၁ ၂၁၂၂၆၃၇) သို့ ‌မေးမြန်းစုံစမ်းနိုင်ပါသည်။

၃။တင်ဒါတင်သွင်းလိုသူများသည် ‌စေတီတော်(၄) ဆူကို ကိုယ်တိုင်လေ့လာတွက်ချက်ပြီး သတ်မှတ်ရက်အမီ တင်သွင်းရမည်။ သတ်မှတ်ရက် ‌ကျော်လွန်ပါက လက်ခံမည်မဟုတ်ပါ။

၄။ လုပ်ငန်း‌ဆောင်ရွက်မည့် အစီအစဥ်ကို ၂၂.၃.၂၀၂၀ ရက်နေ့ ရုံးချိန်အတွင်းတွင် ‌ဂေါပကအဖွဲ့သို့ ကိုယ်တိုင်ရှင်းလင်းတင်ပြပေးရမည်။

(ဦးသိန်းစိုး)

ရွှေချလုပ်ငန်း တင်ဒါ‌ကော်မတီ

စူဠာမုနိလောကချမ်းသာ‌စေတီတော်

တောင်ကြီးမြို့

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us