သင်ထောက်ကူပစ္စည်းများအား ခရိုင်ပညာ‌ရေးမှူးရုံးများသို့ ‌ပေးပို့နိုင်ရန် အိတ်ဖွင့်တင်ဒါ‌ခေါ်ယူခြင်း

March 4, 2020
Views: 80
Tender ID: 6165
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သယ်ယူပို့ဆောင်ရေး လုပ်ငန်း |
တင်ဒါကာလ: March 4, 2020 - March 24, 2020
တည်နေရာ: နေပြည်တော်
Description
- :

ပညာ‌ရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊

အိတ်ဖွင့်တင်ဒါ‌ခေါ်ယူခြင်း

၁။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း သင်ရိုးသစ် ( Grade-4 ) သင်ကြားရာ၌ အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား ပညာ‌ရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ခရိုင်ပညာ‌ေရေးမှူးရုံးများသို့ အရောက်ပေးပို့ရန် ရှိပါသဖြင့် နိုင်ငံသားပိုင်လုပ်ငန်းမှတ်ပုံတင်ရှိသော ပုဂ္ဂလိကလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါ‌ပေးသွင်းရမည့် ပုံစံများကို ပညာ‌ရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ‌နေပြည်တော်တွင် ၂၀၂၀ ပြည့်နှစ် မတ် ၂၄ ရက် ၁၃:၀၀ နာရီတွင် ရုံးအမှတ် (၁၃) ပညာ‌ရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ‌နေပြည်တော်၌ သင်ရိုးသစ် ( Grade-4 ) သင်ထောက်ကူပစ္စည်းများနှင့် ပတ်သတ်၍ ရှင်းလင်းပွဲများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

တင်ဒါနှင့်ပတ်သတ်သော အချက်အလက်များကို တင်ဒါမတင်သွင်းမီ ရှင်းလင်းပွဲနေ့၌သာ ‌မေးမြန်းနိုင်ပါသည်။ တင်ဒါမတင်သွင်းမီ ရှင်းလင်းပွဲနေ့၌ တင်ဒါဆိုင်ရာ ‌မေးမြန်းချက်များကို ပြန်လည်ဖြေကြား‌ပေးမည်ဖြစ်ပြီး ‌နောက်ပိုင်းရက်များတွင် လူကိုယ်တိုင်လာ‌ရောက်မေးမြန်းခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းများကို ‌ဖြေကြား‌ပေးမည် မဟုတ်ပါ။

၃။ တင်ဒါတင်သွင်းရမည့်‌ ‌နောက်ဆုံးရက်မှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၁၁ နာရီ ‌နောက်ဆုံးထား၍ ရုံးအမှတ် (၁၃) ၊ ပညာ‌ရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ‌နေပြည်တော်တွင် တင်သွင်းရပါမည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက် ၁၃:၀၀ နာရီတွင် အိတ်််််််ဖွင့်တင်ဒါများအား ဖွင့်‌ဖောက်မှတ်တမ််းတင် ‌ဆောင်ရွက်သွားမည် ဖြစ်သည်။

အိတ်ဖွင့်တင်ဒါ စိစစ်ရေး‌ကော်မတီ

အခြေခံပညာဦးစီးဌာန၊ နေပြည်တေ်

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us