သန့်စင်ခန်း၀င်ခ အငှားချထားခြင်းလုပ်ငန်းအတွက် အိတ်ပိတ်တင်ဒါ‌ခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ပိတ်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: March 9, 2020 - April 7, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ပြည်သူ့ကျန်းမာရေးနှင့် စျေးများလုပ်ငန်းတာ၀န်ခံအဖွဲ့ (စျေးများနှင့် ကုန်စည်ပွဲရုံများ စီမံခန့်ခွဲရေး) ကွပ်ကဲမှုအောက်ရှိ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းစျေးနှင့် လသာမြို့နယ်၊ သိမ်ကြီးစျေး (ဃ) ရုံတို့၏ သန့်စင်ခန်း၀င်ခကောက်ခံခြင်း လုပ်ငန်းများအား အငှားချထားရန်အတွက် အိတ်ပိတ်တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါပုံစံရောင်းချမည့်ရက် - ၉.၃.၂၀၂၀ ရက်မှ ၇.၄.၂၀၂၀ ရက်အထိ

၃။ တင်ဒါပုံစံရောင်းချမည့်နေရာနှင့် တင်သွင်းရမည့်နေရာ - မြို့တော်ခန်းမ (ဒုတိယထပ်)၊ စျေးများဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ

၄။ တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက် - ၈.၄.၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့)၊ ၁၃:၀၀နာရီ

၅။ တင်ဒါစည်းကမ်းနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာန၏  တယ်လီဖုန်းအမှတ် -၃၇၆၇၀၈ သို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us