စျေးများတွင် Market Operator လုပ်ငန်း‌ဆောင်ရွက်ရန် ‌Expression of Interest (EOI) ခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: March 9, 2020 - April 21, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်း တာဝန်ခံအဖွဲ့(ဈေးများနှင့်ကုန်စည်ပွဲရုံများစီမံခန့်ခွဲရေး) လက်အောက်ရှိ ဈေး(၈)ဈေးတွင် Market Operator လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် ပြည်တွင်း ကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပဖက်စပ်ကုမ္ပဏီများအား စိတ်ပါ၀င်စားမှုဖော်ပြလွှာ (EOI) များ တင်သွင်း ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ Market Operator လုပ်ငန်းဆောင်ရွက်ခွင့်ပြုမည့် ဈေးများမှာ အောက်ဖော်ပြပါဈေး(၈)ဈေး (သို့မဟုတ်) အခြား အဆိုပြုလိုသော ဈေးကို ဆောင်ရွက်ရန် တင်သွင်းနိုင်ပါသည် -

(က) ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေး
(ခ) ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးသစ်
(ဂ) သင်္ဃန်းကျွန်းမြို့နယ်၊ စံပြငမိုးရိပ်ဈေး
(ဃ) တောင်ဥက္ကလာပမြို့နယ်၊ သီရိမြင်သာဈေး
(င) ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ကေတုမတီဈေး
(စ) လှိုင်မြို့နယ်၊ လှိုင်ဈေးကြီး
(ဆ) လှိုင်မြို့နယ်၊ လှိုင်ရတနာဈေး
(ဇ) ရွှေပြည်သာမြို့နယ်၊ သီရိမာလာဈေး

၃။ EOI အဆိုပြုလွှာ စာရွက်စာတမ်းများကို (၉-၃-၂၀၂၀) ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၊ ဒုတိယ ထပ်၊ ပြည်သူ့ကျန်းမာရေးနှင့်ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့ (စျေးများနှင့်ကုန်စည်ပွဲရုံများ စီမံခန့်ခွဲရေး)တွင် ရုံးချိန်အတွင်း၀ယ်ယူနိုင်ပါသည်။

၄။ EOI အဆိုပြုလွှာ စာရွက်စာတမ်းအပြည့်အစုံကို အထက်ဖော်ပြပါဌာနသို့ (၂၁-၄-၂၀၂၀) ရက်နေ့ နံနက်(၁၅:၀၀) နာရီတွင် နောက်ဆုံးထား၍ တင်သွင်းရပါမည်။ နောက်ကျ တင်သွင်း သော EOI အဆိုပြုလွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

၅။ EOI နှင့်စပ်လျဉ်း၍ သိရှိလိုသောအချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့ (စျေးများနှင့်ကုန်စည် ပွဲရုံများစီမံခန့်ခွဲရေး)၊ တယ်လီဖုန်းအမှတ် ၀၁-၃၇၆၇၀၈ သို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us