တည်ဆာက်ရေးပစ္စည်းများ ၀ယ်ယူရန်အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: March 10, 2020 - April 3, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော် (ထိန်းသိမ်းရေး) မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တာ၀န်ယူဆောင်ရွက်မည့် ADSP Project အလိုက် ဆည်ရေသောက်စနစ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း နှင့် IFAD ချေးငွေဖြင့် ဆောင်ရွက်မည့် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း၊များအတွက် လိုအပ်သောတည်ဆောက်ရေးပစ္စည်းများကို စံချိန်၊ စံညွန်းများအတိုင်း မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က) တင်ဒါအဆိုပြုလွှာ စတင်ရောင်းချမည့်ရက်/အချိန် - ၁၀-၃-၂၀၂၀ ရက် (ရုံးချိန်အတွင်း)
(ခ) လျှောက်လွှာအရောင်းပိတ်မည့်ရက် - ၃-၄-၂၀၂၀ ရက် ၊ မွန်းတည့် ၁၂ နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက်/အချိန် - ၇-၄-၂၀၂၀ ရက်၊ နံနက် ၁၀ နာရီ
(ဃ) တင်ဒါဖွင့်ဖောက်စိစစ်မည့်နေရာ - ညွှန်ကြားရေးမှူးရုံး၀င်း (ဓမ္မာရုံ)၊ ဘဲကုန်းဆည်မြောင်း၀င်း ထိန်းသိမ်းရေး၊ ပျဥ်းမနားမြို့။

၂။ လျှောက်လွှာပုံစံများကို ညွန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော်သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ညွန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော် ဖုန်း - ၀၆၇-၂၅၉၄၁၊ ၀၆၇-၂၂၀၄၈၊ ၀၉-၅၄၀၈၃၉၆၊ ၀၉-၄၂၅၀၀၆၆၅၄ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ www.lwumdnaypyitaw.com တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

တင်ဒါကော်မတီ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us