မြို့ခန်းမတည်ဆောက်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: March 6, 2020 - April 8, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ မြို့ခန်းမတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ တင်ဒါလျှောက်လွှာရောင်းချမည့်နေ့ရက်/အချိန် - ၆-၃-၂၀၂၀ ရက်မှ ၈-၄-၂၀၂၀ ရက်အထိ (ရုံးချိန်အတွင်း)

တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်/အချိန် - ၉-၄-၂၀၂၀ ရက် (ကြာသပတေးနေ့) (ရုံးချိန်အတွင်း)

တင်ဒါတင်သွင်းရမည့်နေရာ - ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ တောင်ကြီးမြို့

တင်ဒါဖွင့်လှစ်မည့်နေ့ရက် - သီးခြားအကြောင်းကြားပါမည်။

၃။ တင်ဒါလျှောက်လွှာပုံစံ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ တောင်ကြီးမြို့၊ ဖုန်း ၀၈၁-၂၁၂၃၉၁၅ တွင် ရုံးချိန်အတွင်း စုံစမ်း၀ယ်ယူနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ

Source – Myanma Alin

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us