နိုင်ငံပိုင်မြေနှင့် အဆောက်အအုံနှင့် မြေကွက်များအား ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: March 10, 2020 - April 8, 2020
တည်နေရာ: နေပြည်တော်
Description
- :

နိုင်ငံပိုင်မြေနှင့် အဆောက်အအုံနှင့် မြေကွက်များအား ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပုဂ္ဂလိပိုင်ပြုလုပ်ရေးကော်မရှင်လက်၀ယ်ရှိ မြေနှင့်အဆောက်အအုံနှင့် မြေကွက်စုစုပေါင်း (၂၄) ခုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။

၂။ ၀ယ်ယူလိုသော Lot No. တခုချင်းစီအလိုက် သီးခြားအဆိုပြုလွှာ တစ်စောင်စီ တင်သွင်းရမည်။ သတ်မှတ်စပေါ်ငွေ P.O Cheque (Payment Order Cheque) အား တင်ဒါတင်သွင်းလွှာနှင့်အတူ ပူးတွဲတင်ပြရမည်။

၃။ တင်ဒါပုံစံရောင်းချမည့်ရက်     -           ၁၀-၃-၂၀၂၀ ရက်မှ ၈-၄-၂၀၂၀ ရက်အထိ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး

နေရာ                                      -           ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ရုံး

(စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂) ၊ နေပြည်တော်) စပေါ်ငွေသွင်းရမည့်တန်ဖိုးကို အဆိုပြုလွှာ၀ယ်ယူသည့်အခါ တပါတည်းဖော်ပြပေးပါမည်။

 

၄။ တင်ဒါတင်သွင်းရမည့် အစီအစဥ်

P.O Cheque တင်ပြရမည့်ရက် - ၂၁.၄.၂၀၂၀ ရက်၊ ၂၂.၄.၂၀၂၀ ရက်၊ ၂၃.၄.၂၀၂၀ ရက်

တင်ဒါတင်သွင်းရမည့်ရက် - ၂၄.၄.၂၀၂၀ ရက်

  • No (၁) မှ (၂၄) အထိ နံနက် ၁၀ နာရီမှစ၍ အစဥ်လိုက်လက်ခံပါမည်။

နေရာ - ရုံးအမှတ် (၃၂)၊ နေပြည်တော်

၅။ ၀ယ်ယူလိုသည့် မြေနှင့်အဆောက်အအုံနှင့် မြေကွက်များအား ကြော်ငြာသည့်နေ့မှစ၍ သွားရောက်ကြည့်ရှုနိုင်ပါသည်။ ၀ယ်ယူရန်အဆိုပြုလွှာ တင်သွင်းသည့်အချိန်တွင် ၀ယ်ယူမည့်မြေနှင့်အဆောက်အအုံနှင့် မြေကွက်များအား ကြည့်ရှုစစ်ဆေးပြီးဖြစ်ကြောင်း ၀န်ခံချက်ဖြင့် ပူးတွဲတင်ပြရမည်။

၆။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၆၃၃၉ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ website https://www.mopfi.gov.mm တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Lot Noမြေနှင့် အဆေက်အအုံနှင့် မြေကွက် (အကျယ်အ၀န်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရပ်ကွက် (၂)၊ ဆိပ်မူကျေးရွာ၊ အမှတ် (၁၅၉)၊ ကွင်းအမှတ် (... ၉၆)ရှိ မြေနှင့် အဆောက်အအုံ၊ မြေ (၀.၀၅၃) ဧက
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေး၀မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၁.၂၁၃) ဧက
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ (၇)၊ အောင်သိဒ္ဓိလမ်းနှင့် ဧကရာဇ်လမ်းထောင့်၊ အကွက်အမှတ် (၇၂) ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၀၆၉) ဧက
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ (၈)၊ ကွင်းအမှတ် (၈၄၆)၊ အိမ်အမှတ် (၄၄) ရှိ မြေနှင့်အဆောက်အအုံ ၊ မြေ (၀.၀၉၁) ဧက
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အကွက်အမှတ် (၄)၊ အမှတ် (၁၁၄) ရှိ သစ်စက်မြေနှင့် အဏ္ဏ၀ါရပ်ကွက်၊ ကွင်းအမှတ် (၂၅)၊ မြေကွက်အမှတ် (၁၃၁) နှင့် (၁၃၂) ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၁.၀၇၉) ဧက
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး (၈)၊ မြေတိုင်း (၂၃/အေ)၊ မြေကွက်အမှတ် (၁၃၄၂-၁၃၄၃) ရှိ မြေကွက်၊ မြေ (၀.၃၆၈) ဧက
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး (၈)၊ မြေတိုင်း (၂၃/အေ)၊ မြေကွက်အမှတ် (၁၃၄၆-၁၃၄၇) ရှိ မြေကွက်၊ မြေ (၀.၃၆၈) ဧက
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး (၈)၊ မြေတိုင်း (၂၃/အေ)၊ မြေကွက်အမှတ် (သီးသန့် - ၁) ရှိ မြေကွက်၊ မြေ (၀.၀၃၆) ဧက
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ ကွင်းအမှတ် (၃၆) ရှိ၊ မြေကွက် ( ) နှင့် မြေကွက် ()၊ စက်သုံးဆီအရောင်းဆိုင်အမှတ် (၀၈၆၀)၊ မြေ (၀.၅၆၆) ဧက
၁၀မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ မေခလမ်း၊ အမှတ် (၂၆) ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၀၄၁) ဧက
၁၁ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ ကွင်းအမှတ် (၂၁၄)၊ အိမ်အမှတ် (၁၂၆)၊ မြို့မရပ်ကွက်(၂)ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၀၆၉) ဧက
၁၂ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ လွန်းကျိုင်းကျေးရွာ၊ ကွင်းအမှတ် (၂၃) ရှိမြေနှင့် အဆောက်အအုံ၊ မြေ (၀.၁၉၈) ဧက
၁၃ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ အမှတ် (၁၄) ရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်၊ ကွင်းအမှတ် (၇၅) ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၀၇၃) ဧက
၁၄ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ အကွက်အမှတ် (၆၂/က)၊ တရုတ်ဘုရားကျောင်း၊ ရေကန်လမ်းနှင့် (၄၂) လမ်းထောင့်၊ နယ်မြေ (၁၃) ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၀၄၅) ဧက
၁၅ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ သံလွင်ကျေးရွာ၊ အကွက်အမှတ်-ကွင်းပြင်၊ ရပ်ကွက် (၈) ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၃၈၅) ဧက
၁၆ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်၊ ခတ္တာလမ်းမနှင့် ခတ္တာ (၂) လမ်းထောင့်၊ အိမ်အမှတ် (၄/၅၆)၊ အကွက်အမှတ် (၁၆) ရှိ မြေနှင့်အဆောက်အအုံ ၊ မြေ (၀.၂၄၈) ဧက
၁၇ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ လွန်းကျိုင်းကွင်း၊ ကွင်းအမှတ် (၂၃)၊ အမှတ် (၂၄၁)၊ အခါစျေးနောက် (၀ိန်းကျောက်ရွာ)၊ ယခင်ဟောင်လိတ်ကျေးရွာအုပ်စုရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၀၇၄) ဧက
၁၈ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ၀ိန်းကျောက်ရွာ၊ (ယခင်ဟောင်လိတ်ကျေးရွာအုပ်စု) ၊ လွန်းကျိုင်းကွင်း၊ ကွင်းအမှတ် (၂၃)၊ (အခါစျေးနောက်)၊ အိမ်အမှတ် (၀တ (ခ)/၂၁၅) ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၂၁) ဧက
၁၉ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ လွန်းကျိုင်းကျေးရွာ၊ ကွင်းအမှတ် (၂၃) ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၅၈၁) ဧက
၂၀ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်၊ ခွာညိုလမ်း၊ အမှတ် (၅/၂၃) (က)ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၀၆၀) ဧက
၂၁ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်၊ ခတ္တာလမ်း၊ အမှတ် (၄/၈၇) (က) ရှိ မြေနှင့်အဆောက်အအုံ၊ မြေ (၀.၀၈၈) ဧက
၂၂ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အကွက်အမှတ် (မန်အိုင်အ‌ရှေ့ကွင်း)၊ နယ်မြေ (၁၃) ရှိမြေကွက်၊ မြေ (၀.၀၉၂) ဧက
၂၃ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အကွက်အမှတ် (မန်အိုင်အ‌ရှေ့တိုးချဲ့ကွင်း)၊ နယ်မြေ (၁၃) ရှိမြေကွက်၊ မြေ (၀.၀၈၂) ဧက
၂၄ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သင်္ဘောကျင်းရပ်ရှိ မြေနှင့်သိုလှောင်ရုံ (၆) လုံး၊ မြေ (၇.၆) ဧက
Contact Information
Website:
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us