အဆင့်မြင့်စျေးတည်ဆောက်ခြင်းလုပ်ငန်းအတွက် ဦးစွာစိတ်၀င်စားမှုအဆိုပြုလွှာ Expression of Interest (EOI) ဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: March 23, 2020 - April 24, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

မူဆယ်မြို့နယ်စည်ပင်သာယာရေးကော်မတီ

အဆင့်မြင့်စျေးတည်ဆောက်ခြင်းလုပ်ငန်းအတွက် ဦးစွာစိတ်၀င်စားမှုအဆိုပြုလွှာ Expression of Interest (EOI) ဖိတ်ခေါ်ခြင်း

၁။ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ရွှေသမင်တိုးချဲ့ကွက်သစ်ရှိ မူဆယ်မြို့နယ်စည်ပင်သာယာရေးဌာနပိုင်၊ မြေကွက်အမှတ် (၄၀၆)၊ မြေဧရိယာ (၀.၅၇၆) မြေပေါ်တွင် မြို့အင်္ဂါရပ်နှင့်အညီ လူနေဆိုင်ခန်းနှင့် ပျံကျစျေးဆိုင်ခန်းများပါ၀င်သည့် အဆင့်မြင့်စျေးတည်ဆောက်သွားမည်ဖြစ်သည့်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် အကျိုးတူပူးပေါင်း၍ Public Private Partnership (PPP) အစီအစဥ်ဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များမှ ဦးစွာစိတ်၀င်စားမှု အဆိုပြုလွှာ Expression of Interest (EOI)  တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ မူဆယ်မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြေပေါ်တွင် အဆင့်မြင့်စျေးတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ဦးစွာစိတ်၀င်စားမှုအဆိုပြုလွှာ တင်သွင်းမည့်ကုမ္ပဏီသည် ဆောင်ရွက်မည့်အဆောက်အအုံပုံစံဇိုင်း၊ အသေးစိတ်စီမံချက်နှင့်အတူ Power Point ဖြင့် ရှင်းလင်းတင်ပြနိုင်‌ရေး ပြင်ဆင်ဆောင်ရွက်ထားရှိရမည် ဖြစ်ပါသည်။

၃။ EOI Form များ တင်သွင်းနိုင်ရေး လျှောက်လွှာများအား အောက်ပါအတိုင်း ထုတ်ယူနိုင်ပါသည်။

(က)     လျှောက်လွှာထုတ်ယူနိုင်သည့်နေရာ         -           မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မူဆယ်မြို့။

(ခ)       လျှောက်လွှာထုတ်ယူနိုင်သည့်ရက်            -           ၂၃.၃.၂၀၂၀ ရက်မှ ၂၄.၄.၂၀၂၀ ရက်အထိ

(ဂ)       လျှောက်လွှာတင်သွင်းရမည့်နေရာ            -           မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မူဆယ်မြို့။

(ဃ)     လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက် -         ၂၄.၄.၂၀၂၀ ရက်၊ ညနေ ၄ နာရီ

၄။ အဆိုပြုလွှာတင်သွင်းခြင်းနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၈၂-၅၀၅၀၉ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီ

မူဆယ်မြို့။

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us