တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: March 12, 2020 - March 26, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊

ဘုတ်ပြင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်)

(၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်)

၁။ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) မှ လွှဲပြောင်းကျခံသုံးစွဲဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ၀ယ်ယူလိုပါသည်။

၂။ လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများ၏ အမျိုးအစား၊ အရေအတွက်၊ ၀ယ်ယူလိုသည့် အသေးစိတ်စာရင်းနှင့် တင်ဒါစည်းကမ်းသတ်မှတ်ချက်များကို ဘုတ်ပြင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားမည်ဖြစ်ပါသည်။

တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် -           ၁၂.၃.၂၀၂၀

တင်ဒါလျှောက်လွှာပိတ်မည့်ရက်နှင့်အချိန်  -           ၂၆-၃-၂၀၂၀  (၁၆:၀၀) နာရီ

တင်ဒါလျှောက်လွှာတင်သွင်းရမည့်နေရာ   -           ဘုတ်ပြင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ ဘုတ်ပြင်းမြို့။

၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၄၂၂၁၉၂၉၉၄၊ ၀၉-၄၂၂၂၁၃၇၄၉ သို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မှတ်ချက် - အိတ်ဖွင့်တင်ဒါရွေးချယ်မည့်နေ့ရက်/အချိန်/နေရာကို ထပ်မံကြေညာပေးမည် ဖြစ်ပါသည်။

(၁၂.၃.၂၀၂၀ နေ့ထုတ် ကြေးမုံသတင်းစာ)

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us