ဖွံ့ဖြိုးရေးစီမံကိန်းနှင့် အသေးစိတ်ဒီဇိုင်းပုံစံအတွက် အရည်အချင်းပြည့်မီသော အကြံပေးအဖွဲ့အစည်းအား တင်ဒါဖိတ်ခေါ်ခြင်း

March 13, 2020
Views: 138
Tender ID: 6249
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: March 13, 2020 - March 26, 2020
ကုမ္ပဏီ အမည်: KMIC Development Co., Ltd
ကုမ္ပဏီ လိပ်စာ: ညောင်နှစ်ပင်၊ ရန်ကုန်တိုင်း‌ဒေသကြီး
အဖွဲ့အစည်း: | |   
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

KMIC Development Co., Ltd မှ KMIC ၏ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် အသေးစိတ်ဒီဇိုင်းပုံစံအတွက် အရည်အချင်းပြည့်မီသော အကြံပေးအဖွဲ့အစည်းအား ဖိတ်ခေါ်အပ်ပါသည်။

(၁)       တင်ဒါခေါ်ယူသည့် စီမံကိန်းခေါင်းစဥ်        -           KMIC ၏ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် အသေးစိတ်ဒီဇိုင်းပုံစံ

စီမံကိန်း၏တည်နေရာ                             -           ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်

(၂)        စုစုပေါင်းစီမံကိန်း ဧရိယာအကျယ်အ၀န်း   -           ၅၅၅.၈၁ ဧက (၂,၂၄၉,၂၈၈ စတုရန်းမီတာ)

အပိုင်း (၁) (ဇုန် A) : ၃၁၄.၆၉ ဧက (၁,၂၇၃,၅၁၄ စတုရန်းမီတာ)

အပိုင်း(၂) (ဇုန် B) : ၂၄၁.၁၂ ဧက (၉၇၅,၇၇၄ စတုရန်းမီတာ)

(၃)       ၀န်ဆောင်မှုကာလ                                 -           စတင်သည့်ရက်စွဲမှ လပေါင်း ၃၀

အပိုင်း(၁) အတွက် ၀န်ဆောင်မှုကာလ      -           အသေးစိတ်ဒီဇိုင်းပုံစံ၀န်ဆောင်မှု (၇) လ နှင့် ဒီဇိုင်းနောက်ဆက်တွဲ ထောက်ပံ့ခြင်း၀န်ဆောင်မှု (၁၁) လ

အပိုင်း(၂) အတွက် ၀န်ဆောင်မှုကာလ       -           အသေးစိတ်ဒီဇိုင်းပုံစံ ၀န်ဆောင်မှု (၄) လနှင့် ဒီဇိုင်းနောက်ဆက်တွဲ ထောက်ပံ့ခြင်း၀န်ဆောင်မှု (၈) လ

(၄)       တင်ဒါနည်းလမ်း             -           တင်ဒါယှဥ်ပြိုင်ရွေးချယ်ခြင်း၊ ပုတ်ပြတ်စာချုပ်

* ‌ရွေးချယ်ခြင်းနည်းလမ်း -           အရည်အသွေးနှင့် စရိတ်အားအခြေခံ၍ ရွေးချယ်ခြင်း (QCBS)

(၅)       ခန့်မှန်းတွက်ချက်မှု ပမာဏ (အခွန်မပါ)     -           အမေရိကန်ဒေါ်လာ ၁,၆၅၀,၇၆၀

(၆)       လုပ်ဆောင်ရမည့်လုပ်ငန်းနယ်ပယ်            -           ဖွံ့ဖြိုးရေးစီမံကိန်းနှင့် အသေးစိတ်ဒီဇိုင်းပုံစံ (မြေသားလုပ်ငန်း၊ ကားလမ်းနှင့် လူသွားလမ်း၊ ရေစီးရေလာစနစ်၊ ရေဆိုးစနစ်၊ ရေပေး‌ေ၀ရေး၊ တည်ဆောက်ရေးဒီဇိုင်းပုံစံ၊ မြေယာရှုခင်း ဒီဇိုင်းပုံစံ၊ လျှပ်စစ်ပိုင်းဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းစနစ် အစရှိသည်ဖြင့်)

(၇)       တင်ဒါယှဥ်ပြိုင်ရန် လိုအပ်သော အရည်အချင်း        -           သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီဗသာ မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ ဒီဇိုင်း၀န်ဆောင်မှုလုပ်ငန်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ (သို့) ကိုးရီးယားသမ္မတနိုင်ငံတွင်ရှိသော တရား၀င်မှတ်ပုံတင်ထားသည့် အကြံပေးဆိုင်ရာ၀န်ဆောင်မှု လုပ်ကိုင်သည့်အဖွဲ့အစည်း။

လွန်ခဲ့သော ၁၀ နှစ်အတွင်း စတုရန်းမီတာ ၂,၃၀၀,၀၀၀ နှင့်အထက်ရှိသော ဒေသဖွံ့ဖြိုးရေးအတွက် မြို့ပြအင်ဂျင်နီယာဒီဇိုင်းပုံစံလုပ်ငန်းအတွေ့အကြုံမှတ်တမ်း ပူးတွဲတင်ပြရန်

(၈)       ပူးပေါင်းထားသော အဖွဲ့အစည်း (ဖက်စပ်ကုမ္ပဏီ)

-           ပူးပေါင်းထားသော အဖွဲ့အစည်းအတွက် အဖွဲ့၀င်အရေအတွက် - အဆိုပြုထားသော sub-contractor များအပါအဝင် အများဆုံး ၃ ဦးဖြင့်သာ ဖွဲ့စည်းခွင့်ပြုသည်။

ရှယ်ယာပမာဏအများဆုံး ပါ၀င်ထားသော အဖွဲ့၀င်ကိုသာ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခွင့်ပြုသည်။

(၉)       တင်ဒါအချိန်စာရင်း

တင်ဒါခေါ်ယူရန် ကြေငြာခြ်ငး    -           ၁၃ရက်၊ မတ်လ ၂၀၂၀

တင်ဒါလျှောက်ထားရန် ကြိုတင်စာရင်းသွင်းခြင်းနှင့် payment order cheque သွင်းရန် - ၁၈ရက်၊ မတ်လ ၂၀၂၀

တရား၀င်မေးခွန်းမေးမြန်းခြင်း      -           ၁၈ ရက်မှ ၂၀ ရက် မတ်လ ၂၀၂၀ နှင့် ရှင်းလင်းခြင်း (၂၃ ရက် မတ်လ ၂၀၂၀)

အဆိုပြုလွှာ တင်သွင်းခြင်း ကြေငြာသည့်ရက်         -           ၂၆ ရက် ၊ မတ်လ ၂၀၂၀

အဆိုပြုလွှာအား ဖွင့်ဖောက်ခြင်းနှင့် အကဲဖြတ်ခြင်း -           ၂၇ ရက်၊ မတ်လ ၂၀၂၀

စေ့စပ်ဆွေးနွေးခြင်း၊ ရွေးချယ်ခြင်းနှင့် သဘောတူညီမှု စာချုပ်ချုပ်ဆိုခြင်း        -           ၂၈ ရက် မတ်လ မှ ၃ ရက် ဧပြီလ ၂၀၂၀ ထိ

အကြောင်းအရင်း တစုံတရာရှိပါက အထက်ပါအချိန်စာရင်း အပြောင်းအလဲရှိနိုင်ပါသည်။

အသေးစိတ်အကြောင်းအရာများအတွက် www.mykmic.com တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Contact Information
Website:
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us