သင်တန်းလက်စွဲစာအုပ်များအား ပုံနှိပ်ချုပ်လုပ်ရန် တင်ဒါ‌ခေါ်ယူခြင်း

March 14, 2020
Views: 92
Tender ID: 6263
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ပုံနှိပ်ထုတ်‌ဝေခြင်း လုပ်ငန်း |
တင်ဒါကာလ: March 16, 2020 - April 6, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စတုတ္ထတန်းသင်ရိုးသစ် (Grade-4) မြို့နယ်အဆင့်သင်တန်းပို့ချရာ၌ အသုံးပြုမည့် သင်တန်းလက်စွဲစာအုပ်များအား ပုံနှိပ်ချုပ်လုပ်၍ ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ခရိုင်ပညာရေးမှူးရုံးများသို့ အရောက်ပေးပို့ရန် ရှိပါသဖြင့် နိုင်ငံသားပိုင်လုပ်ငန်းမှတ်ပုံတင်ရှိသော ပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

 

၂။ အိတ်ဖွင့်တင်ဒါပေးသွင်းရမည့်ပုံစံများကို ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်တွင် ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၆ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ နေ့စဥ်နံနက် ၉:၃၀ နာရီမှ ၁၆:၀၀ နာရီအတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

 

၃။ အိတ်ဖွင့်တင်ဒါများကို ၆-၄-၂၀၂၀ ရက် ၊ နံနက် ၉:၃၀ မှ ၁၆:၀၀ နာရီတွင် ရုံးအမှတ် (၁၃)၊ ပညာရေး၀န်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်ရှိ တင်ဒါအဖွဲ့၀င်များရှေ့မှောက်၌ လာ‌ရောက်ပေးသွင်းရန် ဖြစ်ပါသည်။ သတ်မှတ်ကာလထက် ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဥ်းစားမည် မဟုတ်ပါ။

 

၄။ ၀င်ရောက်ယှဥ်ပြိုင်ရန် တင်ဒါတင်သွင်းသူများအနေဖြင့် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ သတ်မှတ်သောတင်ဒါဆိုင်ရာ စည်းကမ်းချက်များ လိုက်နာရမည့်အချက်များနှင့် စာချုပ်ချုပ်ဆိုသည့် မူကြမ်းပါ အချက်အလက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

 

၅။        ရိုက်နှိပ်ရမည့်စာအုပ်များ-

(က) ယေဘုယျအပိုင်း ( သင်တန်းလက်စွဲစာအုပ် )

(ခ) ဘာသာရပ်ဆိုင်ရာ အပိုင်း (၁) ( သင်တန်းလက်စွဲစာအုပ် )

(ဂ) ဘာသာရပ်ဆိုင်ရာ အပိုင်း (၂) ( သင်တန်းလက်စွဲစာအုပ် )

 

၆။        အသုံးပြုရမည့်စက္ကူ-

(အတွင်းစာရွက် - Woodfree – 70gsm, White Colour, (Brigthness > 95+_1), Size (8.27” x 11.69”)

(နှစ်ဖက်ရိုက်) (အဖုံး - Art Card – 210 gsm (Brigthness > 90 +_ 1.5)

 

၇။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ၀၆၇-၃၄၀၇၃၉၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

အိတ်ဖွင့်တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊

အခြေခံပညာဦးစီးဌာန၊ နေပြည်တော်

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us