အခမဲ့ဗလာစာအုပ်၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: March 16, 2020 - April 20, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူလတန်းဆင့်သင် ကျောင်းသား/ကျောင်းသူများအတွက် အခမဲ့ဗလာစာအုပ်၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများအားလုံး အခမဲ့ထောက်ပံ့နိုင်ရေးအတွက် ဗလာစာအုပ်များအား တင်ဒါ (အိတ်ဖွင့်) စနစ်ဖြင့် ၀ယ်ယူလိုပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

၂။ ဗလာစာအုပ် အရည်အသွေး

(က)     ဗလာစာအုပ်အရွယ်အစား -           ၆.၂၅ x ၈.၂၅ လက်မ

(ခ)       လိုင်းအရေအတွက်         -           ၂၂ လိုင်း

(ဂ)       အဖုံးစက္ကူ                      -           ၁၈၀ gsm Duplex board (colour)

(ဃ)     အတွင်းစက္ကူ                  -           ၆၀ gsm indo 1K woodfree

(င)       စာမျက်နှာ                     -           ၈၀ pages

(စ)       - အရှေ့အပြင်ဘက်တွင် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည် စာသားထည့်ရန်

- ရှေ့အဖုံးအတွင်းဘက်တွင် သဘာ၀ဘေးအန္တရာယ် အသိပေးလမ်းညွှန် (၆) မျိုး

- စာအုပ်၏နောက်ကျောဖုံးအပြင်ဘက်တွင် မြန်မာ့ရိုးရာလူမှုရေးကျင့်၀တ် (သားသမီး၀တ်၊ တပည့်၀တ်၊ မိဘ၀တ်၊ ဆရာ၀တ် နှင့် Time Table ဇယားကွက်

- နောက်ကျောဖုံးအတွင်းဘက်တွင် အမြှောက်အလီပေါင်း ၁ မှ ၁၂ အထိ

 

၃။ အိတ်ဖွင့်တင်ဒါပုံစံ ရောင်းချမည့်ရက်/အချိန်       -           ၁၆-၃-၂၀၂၀ ရက် (တနင်္လာနေ့)၊ ရုံးချိန်အတွင်း

တင်ဒါတင်သွင်းရမည့်နေရာ                            -           တိုင်းဒေသကြီးပညာရေးမှူးရုံး၊

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့။

အိတ်ဖွင့်တင်ဒါပိတ်မည့်ရက်၊ အချိန်                 -           ၂၀-၄-၂၀၂၀ ရက် (၁၆:၃၀ )နာရီ

 

၄။ တင်ဒါစည်းမျဥ်းစည်းကမ်းများနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီး

ပညာရေးမှူးရုံး၊ မုံရွာမြို့တွင် လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

အိတ်ဖွင့်တင်ဒါခေါ်ယူရေးကော်မတီ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာမြို့၊

စစ်ကိုင်းတိုင်းဒေသကြီးပညာရေးမှူးရုံး၊ မုံရွာမြို့

ဖုန်း - ၀၉-၄၀၀၄၆၅၅၃၂၊ ၀၉-၄၅၄၇၈၇၇၀၀၊ ၀၉-၄၀၀၄၀၂၂၅၄

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us