ကျောက်ချောလမ်းလုပ်ငန်းဆောင်ရွက်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: March 19, 2020 - April 20, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအောက်ရှိ ကော့မှူးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ထမ္မနိုင်-ချောင်း၀လမ်း ကျောက်ချောလမ်းလုပ်ငန်းအား မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် အောက်ပါအစီအစဥ်အတိုင်း ရောင်းချသွားမည်ဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက်   -           ၁၉-၃-၂၀၂၀ (ကြာသပတေးနေ့)

(ခ) တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်               -           ၂၀-၄-၂၀၂၀ (တနင်္လာနေ့)

(ဂ) တင်ဒါတင်သွင်းရမည့်နေရာ                           -           ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ရဲတံခွန်တာ၀ါ၊ Pent-House (C) ၊ ပန်းလှိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။

၃။ အသေးစိတ်အချက်အလက်များနှင့် တင်ဒါလျှောက်လွှာများအား ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် လာရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ ရုံးဖုန်း ၀၁-၅၀၈၃၁၉၊ ၀၁-၅၀၈၃၀၅ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us