သိုလှောင်ရုံ (၉) လုံးအား (မြေမပါ) ထုခွဲရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: March 20, 2020 - April 20, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် အောက်ဖော်ပြပါ သိုလှောင်ရုံ (၉) လုံးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် (မြေမပါ) ထုခွဲရောင်းချမည် ဖြစ်ပါသည်။

(က)     ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဖန်ချက်စက်ရုံလမ်းရှိမြဲ - ၁၀၊ မြဲ -၉၊ မြဲ - ၁၃၊ မြဲ - ၁၄ သိုလှောင်ရုံ (၄) လုံး

(ခ)       ရန်ကုန်တိုင်းဒေသကြိး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းမှ မြဲ - ၂ သိုလှောင်ရုံ (၁) လုံး

(ဂ)       ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းမှ မြဲ - ၃ သိုလှောင်ရုံ (၁) လုံး

(ဃ)     ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းမှ မြဲ - ၆ သိုလှောင်ရုံ (၁) လုံး

(င)       ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ (၁) ရပ်ကွက်မှ ညပ - ၄၀ သိုလှောင်ရုံ (၁) လုံး

(စ)       မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့၊ သဲတောတောင်ရွာအနောက်မှ မြဲ-၂၊ သိုလှောင်ရုံ (၁) လုံး

၂။ တင်ဒါပုံစံရောင်းချမည့်ရက်/အချိန်        -           ၂၀-၃-၂၀၂၀ ရက်မှ ၂၀-၄-၂၀၂၀ ရက်ထိ၊ ၉:၃၀ နာရီမှ ၁၆:၃၀ နာရီထိ

၃။ တင်ဒါစည်းကမ်းချက်များ ရှင်းလင်းခြင်း -           ၂၃-၄-၂၀၂၀ ရက်မှ ၁၁:၃၀ နာရီ၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်

၄။ တင်ဒါပုံစံရောင်းချမည့်နေရာ               -           စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ရန်ကုန်မြို့၊ ပဲခူးမြို့၊ မန္တလေးမြို့။

၅။ Deposit ပေးသွင်းနိုင်သည့်နေရာ          -           တင်ဒါစည်းကမ်းချက်သတ်မှတ်ပုံစံတွင် ဖော်ပြထားပြီးဖြစ်ပါသည်။

၆။  စာရင်းပေးသွင်းရမည့်နေရာ                -           ရုံးအမှတ် (၅၂)၊ နေပြည်တော်

၇။ တင်ဒါတင်သွင်းရမည့်နေရာ                -           စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်။

၈။ တင်ဒါတင်သွင်းရမည့်ရက်နှင့်အချိန်      -           ၂၃-၄-၂၀၂၀ ရက်၊ ၁၃:၀၀ နာရီ

၉။ အဆိုပါ သိုလှောင်ရုံ (၉) လုံးတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံ၀ယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း - ၀၁-၂၅၀၄၃၂ ၊ ၀၅၂-၂၂၂၁၁၀၈၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါစိစစ်ရေးအဖွဲ့

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us