အုတ်၊ သဲ၊ ကျောက် အစရှိသည့် တည်ဆောက်ရေးပစ္စည်းများ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း  

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: March 19, 2020 - April 21, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချ စီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးမြို့မှ ပြည်ထောင်စု (ငွေလုံးငွေရင်း/သာမန်) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအတွက် လိုအပ်သော တည်ဆောက်ရေးပစ္စည်း (၆” -၉” ကျောက်၊ ချီပင်၊ သဲ၊ အုတ်၊ Angle Iron, H.S.D ) များကို အ‌ရောက်ပို့စနစ်ဖြင့် ၀ယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများကို ၇၃ လမ်းနှင့် သဇင်လမ်းထောင့် လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချ စီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးမြို့တွင် ရုံးချိန်အတွင်း လာရောက်စုံစမ်း၀ယ်ယူပေးသွင်းနိုင်ပါကြောင်း ကြော်ငြာအပ်ပါသည်။

 

(က)     တင်ဒါလျှောက်လွှာပုံစံ ရယူနိုင်သည့်ရက်   -           ၁၉-၃-၂၀၂၀ ရက်မှ ၂၁-၄-၂၀၂၀ ရက်အထိ

(ခ)       တင်ဒါပေးသွင်းရမည့်နောက်ဆုံးရက်/အချိန် -           ၂၁-၄-၂၀၂၀ ရက် (၁၆:၀၀) နာရီ

(ဂ)       တင်ဒါဖွင့်မည့် ရက်/အချိန်                        -           ၂၃-၄-၂၀၂၀ ရက် (၁၀:၀၀) နာရီ

(ဃ)     တင်ဒါဖွင့်မည့်နေရာ                                -           ၂၆ (ဘီ) လမ်းနှင့် လမ်း ၇၀ ထောင့်၊ ဆည်မြောင်းဧည့်ရိပ်သာ၀င်း

 

၂။ သတ်မှတ်ချိန်ထက်ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။

၃။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၂-၂၈၄၈၆၅၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့

Contact Information
Phone: 02-2848652
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us