ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ကွန်ပျူတာ၊ ရုံးသုံးစက်ပစ္စည်းများနှင့် စာရေးကိရိယာ |
တင်ဒါကာလ: March 23, 2020 - April 20, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

၁။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများအားလုံးကို အခမဲ့ထောက်ပံ့နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဗလာစာအုပ်များအား တင်ဒါ (အိတ်ဖွင့်) စနစ်ဖြင့် ၀ယ်ယူလိုပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ ဗလာစာအုပ် အရည်အသွေး

(က)     ဗလာစာအုပ်အရွယ်အစား -           ၆.၂၅ x ၈.၂၅ လက်မ

(ခ)       လိုင်းအရေအတွက်         -           ၂၂ လိုင်း

(ဂ)       အဖုံးစက္ကူ                      -           ၁၈၀ gsm Duplex board (colour)

(ဃ)     အတွင်းစက္ကူ                  -           ၆၀ gsm indo 1K woodfree

(င)       စာမျက်နှာ                     -           ၈၀ pages

(စ)       - အရှေ့အပြင်ဘက်တွင် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည် စာသားထည့်ရန်

- ရှေ့အဖုံးအတွင်းဘက်တွင် သဘာ၀ဘေးအန္တရာယ် အသိပေးလမ်းညွှန် (၆) မျိုး

- စာအုပ်၏နောက်ကျောဖုံးအပြင်ဘက်တွင် မြန်မာ့ရိုးရာလူမှုရေးကျင့်၀တ် (သားသမီး၀တ်၊ တပည့်၀တ်၊ မိဘ၀တ်၊ ဆရာ၀တ် နှင့် Time Table ဇယားကွက်

- နောက်ကျောဖုံးအတွင်းဘက်တွင် အမြှောက်အလီပေါင်း ၁ မှ ၁၂ အထိ

 

၃။ တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်        -           ၂၃-၃-၂၀၂၀ ရက်

တင်ဒါလျှောက်လွှာရောင်းချမည့်အချိန်             -           ရုံးချိန်အတွင်း

တင်ဒါပိတ်မည့်ရက်၊ အချိန်                             -           ၂၀-၄-၂၀၂၀ ရက်၊ ညနေ ၄ နာရီ

တင်ဒါရောင်းချ/တင်သွင်းရမည့်နေရာ               -           ပြည်နယ်ပညာရေးမှူးရုံး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့

၄။  အသေးစိတ်အချက်အလက်များ သိရှိလိုပါက အောက်ပါဌာနများတွင် လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေး၀န်ကြိးဌာန       -           ဖုန်း - ၀၄၃-၂၀၂၂၆၄၉

ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၊ စစ်တွေမြို့               -           ဖုန်း - ၀၄၃-၂၀၂၁၀၄၆

 

တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးကော်မတီ

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us