လမ်းခင်းရန်လိုအပ်သော ယာဥ်၊ စက်၊ ယန္တရားများအား၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: March 23, 2020 - April 23, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။ မြို့တွင်းလမ်များအား နိုင်လွန်ကတ္တရာများအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (လားရှိုး)၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ) တို့တွင် ထားရှိမည့် AC Plants များနှင့် AC လမ်းခင်းရန်လိုအပ်သော ယာဥ်၊ စက်၊ ယန္တရားများအား မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသဖြင့် အောက်ပါအတိုင်း အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ပါသည်။

Lot(1)  Asphalt Plant (35-60 TPH) with generator      - (3) Sets

Lot(2)  AC Paving Machines

(က) Asphalt Paver(Track Type)           - (3) Nos

(ခ) Tandem Vibratory Roller with edge cutter (6-8 ton)           - (3) Nos

(ဂ) Pneumatic Tire Roller (5-8 ton)      - (3) Nos

Lot(3) Wheel Loader (6-8 ton,1-1.5m3)             - (3) Nos

၂။ တင်ဒါလျှောက်လွှာရောင်းချမည့် နေ့ရက်/အချိန် -           ၂၃-၃-၂၀၂၀ ရက်မှ ၂၃-၄-၂၀၂၀ ရက်အထိ (ရုံးချိန်အတွင်း)

တင်ဒါတင်သွင်းရမည့်နောက်ဆုံး နေ့ရက်/အချိန် -           ၂၄-၄-၂၀၂၀ ရက် (သောကြာနေ့)

တင်ဒါတင်သွင်းရမည့်နေရာ                             -           ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ တောင်ကြီးမြို့။

တင်ဒါဖွင့်လှစ်မည့်ရက်                                    -           သီးခြားအကြောင်းကားပါမည်။

၃။ တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၊ တောင်ကြီးမြို့တွင် ရုံးချိန်အတွင်း ဖုန်း (၀၈၁-၂၁၂၃၉၁၅) သိုစုံစမ်းဝယ်ယူနိုင်ပါသည်။

အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us