ကျွန်း-သစ်မာသစ်လုံးနှင့် ခွဲသားများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကြေညာခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သစ်တောထွက်ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: March 26, 2020 - March 30, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်း၀ယ်ရေးနှင့် သစ်စက်ဌာနမှ ကျွန်း-သစ်မာသစ်လုံးနှင့် ခွဲသားများကို အမေရိကန်ဒေါ်လာဖြင့် အောက်ဖော်ပြပါအတိုင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့်  ရောင်းချမည်ဖြစ်ပါသည်။

(က)     ရောင်းချမည့်ရက်နှင့်အချိန်           -           ၂၆-၃-၂၀၂၀ ရက်၊ နံနက် ၉:၀၀ နာရီ၊ ရန်ကုန်-နယ် ကျွန်း/သစ်မာ (သစ်လုံး/ခွဲသား)

၃၀-၃-၂၀၂၀ ရက် မွန်းတည့် ၁၂:၀၀ နာရီ ၊ ရန်ကုန်ကျွန်းသစ်လုံးသီးသန့်

(ခ)       ရောင်းချမည့်အမျိုးအစားနှင့် တန်ပမာဏ   -           ကျွန်းသစ်လုံး (၁၄၉၇) တန်

-           တတိယတန်းနှင့် အထက်တန်းကျွန်းခွဲသား (၁၆၈) တန်

(ပြည်ပရောင်း၀ယ်ရေးနှင့် သစ်စက်ဌာန)

-           တတိယတန်းနှင့် အထက်ကျွန်းခွဲသား (၁၈၆) တန်

(သစ်အခြေခံ စက်မှုလုပ်ငန်းဌာန)

သစ်မာသစ်လုံး

ပျဥ်းကတိုး၊ အင်း၊ ကညင်၊ စကား၀ါ၊ တောင်ပိန္နဲ၊ သစ်မကျည်း၊ ယမနေ၊ ထောက်ကြန့် (၁၁၁၆၅) တန်

သစ်မာသစ်လုံး (၂၀၁၉-၂၀၂၀ ထုတ်သစ်များ ပါ၀င်ပါသည်)

(ဂ)       ရောင်းချမည့်နေရာ                     -           တော်၀င်ခန်းမ၊ မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်)၊ ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

အိတ်ဖွင့်တင်ဒါနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်) နှင့် web-site ဖြစ်သော www.mte.com.mm တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us