ပရီမီယမ်ဒီဇယ်ဆီများကို ၀ယ်ယူရန်အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ရေနံထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့နှင့် စက်သုံးဆီရောင်းဝယ်ရေး |
တင်ဒါကာလ: March 18, 2020 - April 9, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် အုပ်ချုပ်မှုနှင့် ပုံမှန်လုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သော ပရီမီယမ်ဒီဇယ်ဆီများကို မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသည်။

(က)     အိတ်ဖွင့်တင်ဒါပုံစံရောင်းချမည့်ရက်          -           ၁၈-၃-၂၀၂၀ ရက်မှ ၉-၄-၂၀၂၀ ရက်ထိ

(ခ)       အိတ်ဖွင့်တင်ဒါတင်သွင်းရမည့်ရက်/အချိန်  -           ၂၃-၄-၂၀၂၀ ရက် မွန်းလွဲ ၁၃:၀၀ နာရီ

(ဂ)       အိတ်ဖွင့်တင်ဒါဖွင့်မည့်ရက်/အချိန်            -           ၂၃-၄-၂၀၂၀ ရက် မွန်းလွဲ ၁၄:၀၀ နာရီ

(ဃ)     အိတ်ဖွင့်တင်ဒါပုံစံ၀ယ်ယူ/တင်သွင်းရမည့်နေရာ      -           ရုံးအမှတ် (၄၃)၊ ဖြည့်တင်းရေးဌာနခွဲ (၁)၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်။

၂။         သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဥ်းစားမည် မဟုတ်ပါ။

၃။        အသေးစိတ်သိရှိလိုပါက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး (ပြည်တွင်း)၊ ဖြည့်တင်းရေးဌာနခွဲ (၁)၊ ဖုန်း-၀၆၇-၃၄၁၀၃၁၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us