နည်းပညာဆိုင်ရာ စက်ပစ္စည်းများ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

March 23, 2020
Views: 129
Tender ID: 6434
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: March 23, 2020 - April 3, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။        ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) တွင် အောက်ဖော်ပြပါ ငွေလုံးငွေရင်း (စက်ပစ္စည်း) များ ၀ယ်ယူရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

No.Description of Equipment (Technical Details)Qty
1Language Lab Equipment, Teacher Unit, Student Unit, Cables & Trunking, Headphone with Mic, Teacher Tables, Student Twin Table, Teacher Chair, Student Chair, Laptop Computer (intel core i7, 4GB DDR4, 1 TB HDD, 15.6” LED LCD, Wifi, HDMI), Multimedia Projector (P JD 5255), Motorized Screen (10’x10’), Bracked for projector, VGA Cable 30m1 Set
2Survey Instrument’s Accessories (a) Target System, (b) Brunton Type Compass by Myzox, (c) Brunton type Compass by Geomaster, (d)Min Prism with small pole-DGPS (RTK)-total station-Theodolite-level (auto level, digital level)2 Sets

 

၂။         အိတ်ဖွင့်တင်ဒါနှင့် စည်းကမ်းချက်များကို ၂၃-၃-၂၀၂၀ ရက် ရုံးချိန်မှစ၍ ဤနည်းပညာတက္ကသိုလ်တွင် ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို ၃-၄-၂၀၂၀ ရက် ၁၆:၃၀ နာရီ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပါသည်။

၃။        အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူများသည် မိမိတင်သွင်းလိုသည့် ပစ္စည်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင် P.O (Payment Order) ပေးသွင်းနိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် တက္ကသိုလ်ဘဏ္ဍာရေးဌာနတွင် ဆောင်ရွက်ပြီးငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍တင်သွင်းရမည့် P.O (Payment Order) မူရင်းကို ဤတက္ကသိုလ်၏ ဘဏ္ဍာရေးဌာနသို့ အပ်နှံရမည်။ မိမိတင်သွင်းလိုသည့် ပစ္စည်းအမျိုးအစားအလိုက် အိတ်ဖွင့်တင်ဒါပုံစံတခုချင်း တင်သွင်းရမည်ဖြစ်သည်။

၄။        အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၉-၂၆၆၈၆၄၆၆၅ ဘဏ္ဍာရေးဌာနသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

၅။        တင်ဒါဖွင့်ဖောက်မည့်အချိန်နှင့် နေရာများကို ထပ်မံအကြောင်းကြားမည် ဖြစ်ပါသည်။

 

တင်ဒါခေါ်ယူရေးအဖွဲ့

နည်းပညာတက္ကသိုလ် (စစ်ကိုင်း)

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us