လူမှုရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် ထူထောင်ရန်နှင့် လက်တွေ့အကောင်အထည်ဖော်ရန် စိတ်၀င်စားသည့် လုပ်ငန်းအတွေ့အကြုံရှိသော နည်းပညာအဖွဲ့အစည်းများအား အဆိုပြုလွှာခေါ်ယူခြင်း

March 23, 2020
Views: 229
Tender ID: 6438
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: March 23, 2020 - April 24, 2020
NGO/INGO အမည်: UNICEF Myanmar
NGO/INGO လိပ်စာ: အမှတ် ၂၃ (အေ)၊ အင်းယားမြိုင်လမ်း၊ ရွှေတောင်ကြားရပ်ကွက် (၂)၊ ဗဟန်းမြို့နယ်၊
အဖွဲ့အစည်း: | |   
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီးဌာန၏ လူမှုရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် ထူထောင်ရန်နှင့် လက်တွေ့အကောင်အထည်ဖော်ရန် စိတ်၀င်စားသည့် လုပ်ငန်းအတွေ့အကြုံရှိသော နည်းပညာအဖွဲ့အစည်းများအား အဆိုပြုလွှာခေါ်ယူခြင်း

Reference: LRPS – 2020-9156577

လူမှုရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် ထူထောင်ရန်နှင့် လက်တွေ့အကောင်အထည်ဖော်ရန် စိတ်၀င်စားသည့် လုပ်ငန်းအတွေ့အကြုံရှိသော နည်းပညာအဖွဲ့အစည်းများအား အဆိုပြုလွှာတင်သွင်းရန် ယူနီဆက်(ဖ်) မြန်မာမှ ဖိတ်ခေါ်ပါသည်။

စိတ်ပါ၀င်စားသော နည်းပညာအဖွဲ့အစည်းများသည် ဖြည့်စွက်တင်သွင်းရမည့် အချက်အလက်ပုံစံစာရွက်များကို e-mail လိပ်စာ procurementyangon@unicef.org  သို့ အညွှန်းစာနံပါတ် (Reference : LRPS – 2020-9156577) အား E-Mail Subject တွင် ဖော်ပြ၍ အဆိုပြုလွှာတင်သွင်းနိုင်ပါသည်။

တင်ဒါနှင့်ပတ်သတ်၍ ကြိုတင်မေးမြန်းစုံစမ်းလိုပါက မတ်လ ၂၅ ရက်နေ့ နောက်ဆုံးထား၍ အောက်ပါအီးမေးလ်လိပ်စာသို့ ပေးပို့စုံစမ်းနိုင်ပါသည်။

Mr. Ragesh Ramachandran     -           rramachandran@unicef.org

Ms. Zin Mar Phyu                     -           zmphyu@unicef.org

တင်ဒါအကြိုရှင်းလင်းပွဲ ပြုလုပ်မည့်ရက်    -           ၂၆-၃-၂၀၂၀ ၊ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီ

Unicef Myanmar Office, JPG Conference Room, အမှတ် ၂၃ (အေ)၊ အင်းယားမြိုင်လမ်း၊ ရွှေတောင်ကြားရပ်ကွက် (၂)၊  ဗဟန်းမြို့နယ်၊

အသေးစိတ်သိရှိလိုပါက UNGM website https://www.ungm.org/Public/Notice/105802 သို့ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

စနစ်တကျဖြည့်သွင်းထားသော ပုံစံစာရွက်နှင့်တကွ လိုအပ်သောအချက်အလက် အထောက်အထားစာရွက်စာတမ်းများ ပြည့်စုံစွာ ထည့်သွင်းထားသည့် အဆိုပြုလွှာများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ ၊ မြန်မာစံတော်ချိန် မွန်းလွဲ ၃:၀၀ နာရီထက် နောက်မကျစေဘဲ ပုံစံစာရွက်တွင် ဖော်ပြထားသည့် လိပ်စာသို့ ပေးပို့ရန်ဖြစ်ပါသည်။ သတ်မှတ်အချိန်ထက် နောက်ကျတင်သွင်းသော အဆိုပြုလွှာများကို ထည့်သွင်းစဥ်းစားမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

 

 

 

 

 

Contact Information
Website:
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us