မွေးမြူရေးခြံ နှစ်ရှည်ငှားရမ်းရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: March 24, 2020 - March 30, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနလက်အောက်ရှိ အောက်ဖော်ပြပါ မွေးမြူရေးခြံ (၂) ခြံနှင့် မြေနေရာတခုတို့အား နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ပါ၀င်စားသူ ပြည်တွင်းပြည်ပလုပ်ငန်းရှင် ကုမ္ပဏီများသို့ နှစ်ရှည်ငှားရမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

(က)     ပျဥ်းမပင်၀က်မွေးမြူရေးခြံ (ပင်မ)             -           ၈ ဧက

(ခ)       ပျဥ်းမပင်၀က်မွေးမြူရေးခြံ (တိုးချဲ့)           -           ၈ ဧက

(ဂ)       လှော်ကားမြေလွတ် (သွပ်ပြားစက်ရုံအဟောင်း)      -           ၆ ဧက

 

၂။         တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား တစုံလျှင် (၁၀၀၀၀/-) ( ကျပ်တသောင်းတိတိ) ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာ အထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ် (၃၆)၊ နေပြည်တော်တွင် ရုံးချိန်အတွင်း ၀ယ်ယူရရှိနိုင်ပါသည်။

 

၃။        တင်ဒါအဆိုပြုလွှာတင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား ၃၀-၃-၂၀၂၀ ရက် ၊ မွန်းလွဲ ၂:၃၀ နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲသို့ ပေးပို့တင်ပြရမည်။

 

၄။        အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us