ဒီဇယ်ဆီ (H.S.D)၊ ပရီမီယမ် ဒီဇယ်ဆီ (P.H.S.D) နှင့် ဓာတ်ဆီ (Octane 92) ၀ယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ရေနံထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့နှင့် စက်သုံးဆီရောင်းဝယ်ရေး |
တင်ဒါကာလ: March 26, 2020 - May 4, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။        ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အသုံးပြုရန်လိုအပ်သော ဒီဇယ်ဆီ (H.S.D)၊ ပရီမီယမ် ဒီဇယ်ဆီ (P.H.S.D) နှင့် ဓာတ်ဆီ (Octane 92) (၂၀၂၀ ပြည့်နှစ် မေလအတွက်) နှင့် မာန်အောင် (၃) ရေယာဥ်၏ Propulsion System အတွက် လိုအပ်သော Spare Parts (16) Items တို့ကို မြန်မာကျပ်ငွေဖြင့် ၀ယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများအား ၇-၅-၂၀၂၀ ရက် ၁၄ ၀၀ နာရီ နောက်ဆုံးထားတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗဟိုပစ္စည်းထိန်းဌာန၊ ကမ်းနားလမ်း (ဗိုလ်တထောင်ဘုရားအနောက်ဘက်၊ ကွန်ကရစ်လမ်း၊ Toll Gate)၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၆-၃-၂၀၂၀ ရက်မှစ၍ ၄-၅-၂၀၂၀ ရက်ထိ ရုံးချိန်အတွင်း ဆက်သွယ်၀ယ်ယူနိုင်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၁-၈၆၁၀၂၃၀ နှင့် ၀၁-၈၆၁၀၂၃၂ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us