လှိုင်သာယာမြို့နယ်တွင် ၀န်ထမ်းအိမ်ရာဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: March 26, 2020 - April 27, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မိမိဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် လှိုင်သာယာမြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် ၀န်ထမ်းအိမ်ရာ ပေ (၇၀ x ၃၀x ၄၃.၅) RC (၄) ထပ် တည်ဆောက်ခြင်း (ရေ၊ မီး၊ မိလ္လာသွယ်တန်းတပ်ဆင်ခြင်း၊ Apron & Drain ပြုလုပ်ခြင်းလုပ်ငန်းများအပါအ၀င်) အဆောက်အဦဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါပိတ်မည့်ရက်        -           ၂၀၂၀ ခုနှစ်၊ ဧပြီလ၊ ၂၇ ရက် (၁၆:၃၀ နာရီ)

တင်ဒါဖွင့်မည့်ရက်          -           ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၉ ရက် (၁၀:၀၀ နာရီ)

လျှောက်လွှာ၀ယ်ယူခြင်းနှင့် တင်သွင်းရမည့်နေရာ   -           အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၊ အမှတ် (၃၂၇/၃၆၇)၊ မဟာဗန္ဓုလပန်းခြံလမ်း (အထက်ဘလောက်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

၂။ တင်ဒါပုံစံများအား အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၊ စီမံရေးရာ/ ငွေစာရင်းဌာနတွင် ကြော်ငြာပါသည့်ရက်မှစ၍ ၀ယ်ယူနိုင်ပါသည်။

၃။ တင်ဒါကိစ္စနှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၁-၈၃၈၁၂၁၆၊ ၀၁-၈၃၇ ၀၁၅၉ သို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

အိတ်ဖွင့်တင်ဒါခေါ်ယူရေးအဖွဲ့

ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၊

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us