ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအတွက် လိုအပ်သောပစ္စည်းများ ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: April 1, 2020 - April 30, 2020
တည်နေရာ: နေပြည်တော်
Description
- :

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေမှ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် အောက်ပါပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ၀ယ်ယူခြင်းတို့အတွက် အိတ်ဖွင့်တင်ဒါတင်သွင်း၇န် ဖိတ်ခေါ်အပ်ပါသည်။

(က)     Chip ပါသော Smart Card

(ခ)       Colour Ribbon (YMCK-UV)

(ဂ)       ART Retransfer Flim

(ဃ)     ယာဥ်ဓာတ်ပုံပါ ယာဥ်မှတ်ပုံတင်သက်သေခံလက်မှတ် (CVR)

(င)       ယာဥ်စစ်ဆေးပြီးကြောင်း သက်သေခံအထောက်အထား (VIS)

(စ)       “သ” အမောင်းသင် (Hologram)

(ဆ)     “က-၁၊ က၊ ဌ၊ ဟ၊ စ”  လိုင်စင်များတွင် ကပ်သည့် ကဒ(Hologram)

(ဇ)       မော်တော်ဆိုင်ကယ် (အ၀ိုင်း) တွင် ကပ်သည့်(Hologram)

(စျ)       မော်တော်ဆိုင်ကယ် (ကမ-၃) စာအုပ်တွင်ကပ်သည့်(Hologram)

(ည)      မော်တော်ယာဥ်(အ၀ိုင်း) တွင်ကပ်သည့် (Hologram)

၂။         တင်ဒါခေါ်ယူသည့်အကြောင်းအရာနှင့် စံချိန်စံညွှန်းအရည်အသွေးသတ်မှတ်ချက်များ၊ တင်ဒါတင်သွင်းသူ၏ အရည်အချင်းဆိုင်ရာ လိုအပ်ချက်များ၊ တင်ဒါစာရွက်စာတမ်းများအတွက် ကျသင့်သည့်‌စျေးနှုန်း၊ တင်ဒါတင်သွင်းရမည့် နည်းလမ်းများကို ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ ရုံးအမှတ် (၂၉) နေပြည်တော်တွင် ရုံးချိန်အတွင်း ရယူနိုင်ပြီး အသေးစိတ်အချက်အလက်များကိုလည်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

(က)     တင်ဒါပုံစံရောင်းချမည့်ရက်          -           ၁-၄-၂၀၂၀ ရက်မှ ၃၀-၄-၂၀၂၀ ရက်အထိ

(ခ)       တင်ဒါတင်သွင်းရမည့်ရက်           -           ၁-၄-၂၀၂၀ ရက်မှ ၃၀-၄-၂၀၂၀ ရက်

၁၄:၀၀ နာရီအထိ (ရုံးချိန်အတွင်း)

(ဂ)       တင်ဒါပိတ်မည့်ရက်                    -           ၃၀-၄-၂၀၂၀ ရက်၊ မွန်းလွဲ ၁၄:၀၀ နာရီ

(ဃ)     တင်ဒါဖွင့်လှစ်မည့်ရက်                -           ၁၁-၅-၂၀၂၀ ရက် (တနင်္လာနေ့)၊ နံနက် ၁၀ နာရီ

(င)       တင်ဒါဖွင့်လှစ်မည့်နေရာ              -           ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အစည်းအ‌‌ေ၀းခန်းမ၊ နေပြည်တာ်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

ဖုန်း - ၀၆၇-၄၀၅၃၆၂၊ ၀၆၇-၄၀၅၁၈၃၊ ၀၆၇-၄၀၅၀၉၉

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us