CCTV တပ်ဆင်ခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ ရေပေးရေးလုပ်ငန်း ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: April 1, 2020 - April 29, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။        စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေး၀န်ကြီးဌာနတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီများမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား တိုင်းရင်းသားပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

(က)     ဗန်းမောက်မြို့    -           CCTV တပ်ဆင်ခြင်း၊ မောင်းတံတပ်ဆင်ခြင်း

(ခ)       ရေဦးမြို့            -           CCTV တပ်ဆင်ခြင်း

(ဂ)       လေရှီးမြို့          -           ကွန်ကရစ်လမ်းခင်းခြင်း

(ဃ)     နန်းယွန်းမြို့       -           ကွန်ကရစ်ခင်းခြင်း

(င)       ပန်ဆောင်မြို့     -           ကွန်ကရစ်ခင်းခြင်း

(စ)       ထန်ပါခွေမြို့      -           ရေပေးရေးလုပ်ငန်း

(ဆ)     ဒုံဟီးမြို့            -           ကွန်ကရစ်ခင်းခြင်း

 

၂။         အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မုံရွာမြို့၊ တယ်လီဖုန်းအမှတ် ၀၇၁-၂၀၂၂၂၄၈၊ ၀၇၁-၂၀၂၂၈၈၆ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်၍လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

၃။        တင်ဒါလျှောက်လွှာပုံစံများကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး၊ မုံရွာမြို့တွင် အောက်ပါအစီအစဥ်အတိုင်း ၀ယ်ယူနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

(က)     တင်ဒါလျှောက်လွှာရယူရမည့်နေရာ          -           စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ရုံး၊ မုံရွာမြို့

(ခ)       လျှောက်လွှာစတင်ရယူရမည့်ရက်             -           ၁-၄-၂၀၂၀ ရက်မှ ၂၉-၄-၂၀၂၀ ရက်ထိ

(ဂ)       တင်ဒါတင်သွင်းရန်                                 -           ၃၀-၄-၂၀၂၀ ရက်၊ ၁၆:၀၀ နာရီ

(ဃ)     တင်ဒါဖွင့်ရက်                                        -           ၄-၅-၂၀၂၀ ရက်၊ နံနက် ၉ နာရီတွင် နည်းပညာအဆိုပြုလွှာပါ စာရွက်စာတမ်းများ စိစစ်မှတ်တမ်းယူခြင်း၊ ၅-၅-၂၀၂၀ ရက်၊ နံနက် ၉ နာရီတွင် စျေးနှုန်းအဆိုပြုလွှာများ ဖွင့်လှစ်ခြင်း

 

တင်ဒါခေါ်ယူရေးကော်မတီ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us