သာစည်မြို့တွင် ၀န်ထမ်းအိမ်ရာဆောက်လုပ်ရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: April 6, 2020 - April 27, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

၁။        လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ မဟာဓာတ်အားလိုင်းမှူးရုံး (သာစည်)၊ သာစည်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေဖြင့် တည်ဆောက်မည့် ၀န်ထမ်းအိမ်ရာ. E- Type (၂) လုံး (ရေ၊ မီး၊ လမ်းအပါအ၀င်) ဆောက်လုပ်ရန်ရှိပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         အိတ်ဖွင့်တင်ဒါကို အောက်ပါအစီအစဥ်အတိုင်း တင်သွင်းရန်ဖြစ်ပါသည်။

(က)     တင်ဒါလျှောက်လွှာရယူရန်          -           ၆-၄-၂၀၂၀ ရက်မှ ၂၇-၄-၂၀၂၀ ရက်အထိ

(ခ)       တင်ဒါတင်သွင်းရန်                     -           ၂၉-၄-၂၀၂၀ ရက်၊ ရုံးချိန်အတွင်း

(ဂ)       တင်ဒါဖွင့်ရက်အား ထပ်မံကြေညာပါမည်။

လျှောက်လွှာထုတ်ယူရမည့်နေရာ             -           မဟာဓာတ်အားလိုင်းမှူးရုံး (သာစည်)၊ သာစည်မြို့၊ မိတ္ထီလာခရိုင်၊

မန္တလေးတိုင်းဒေသကြီး။

၃။        အသေးစိတ်သိရှိလိုပါက မဟာဓာတ်အားလိုင်းမှူးရုံး (သာစည်)၊ (၀၆၄-၂၀၆၉၀၆၀)၊ ၀၆၄-၂၀၆၉၇၄၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us