ပရိုပိန်းနှင့် ဗြူတိန်း ရေနံဓာတ်ငွေ့ရည် တန်(၂၀၀) ရောင်းချရန် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ရေနံထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့နှင့် စက်သုံးဆီရောင်းဝယ်ရေး |
တင်ဒါကာလ: April 5, 2020 - May 5, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။        မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) မှ ပရိုပိန်းရေနံဓာတ်ငွေ့ရည် ၁၀၀ တန် (တန်တရာတိတိ) နှင့် ဗြူတိန်းရေနံဓာတ်ငွေ့ရည် ၁၀၀ တန် (တန်တရာတိတိ) စုစုပေါင်း ရေနံဓာတ်ငွေ့ရည် တန် ၂၀၀ ( တန်နှစ်ရာတိတိ) ကို တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်၍ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနမှ ထုတ်ပေးထားသည့် ရေနံဓာတ်ငွေ့ရည်တင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချခွင့်လိုင်စင် (ခ) သို့မဟုတ် လိုင်စင် (စ) လက်၀ယ်ရှိသူများ အဆိုပြုလွှာ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါတင်သွင်းရမည့်နောက်ဆုံးရက်    -           ၅-၅-၂၀၂၀ ရက် (အင်္ဂါနေ့)

အချိန်နှင့်နေရာ                                      -           မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(ရုံးချုပ်)၊ ရုံးအမှတ် ၄၄၊ နေပြည်တော်၊ ၁၂:၀၀ နာရီ

၃။ တင်ဒါဖွင့်လှစ်မည့်နေ့ရက်နှင့်အချိန်      -           ၅-၅-၂၀၂၀ ရက် (အင်္ဂါနေ့)၊ ၁၄:၀၀ နာရီ

၄။ တင်ဒါစည်းကမ်းချက်နှင့် ပုံစံများအား တလကြိုတင်၍ ရုံးချိန်အတွင်း ၀ယ်ယူနိုင်ပါသည်။

၅။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန၊ ဖုန်း ၀၆၇-၃၄၁၁၁၉၄ သို ရံဒးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

-----၃-၄-၂၀၂၀ ထုတ် ကြေးမုံသတင်းစာ---

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us